ဆန်ဖရန်စစ္စကို Bing It On ဆိုတဲ့ လှုပ်ရှားမှုကို အမေရိကန်နိုင်ငံ တစ်ဝန်းလုံးမှာ ဆောင်ရွက်ပြီး မက်ကရိုဆော့ရဲ့ Search Enging က ဂူးဂဲထက် သာလွန် ကောင်းမွန်ကြောင်းပြသဖို့ မိုက်ကရိုဆော့က စက်တင်ဘာ ၆ ရက်က စတင် ဆောင်ရွက်ခဲ့ပါတယ်။မိုက်ကရိုဆော့ရဲ့ Search Engines bing.com ဖြစ်ပါ တယ်။Source.Xinhua
နယူးယောက် ဥရောပ ဗဟိုဘဏ်(အီးစီဘီ)ရဲ့ ဘွန်းစာချုပ်ဝယ်ယူရေး အစီအစဉ် သစ်ကို ဝေါစထရိက စင်တင်ဘာ ၆ ရက်က ကြိုဆိုလိုက်တဲ့အတွက် ကုန် စည်ဈေးနှုန်းတွေ တွန်းတင်ပေးလိုက် သလို စတော့ရှယ်ယာဈေးတွေက လည်း နှစ်ပေါင်းများစွာ အမြင့်ဆုံး ဈေးကို ရောက်ခဲ့ပါတယ်။ဒေါင်းဂျူန်း အညွှန်းကိန်းရဲ့ နေ့အလိုက်တိုးနှုန်းက ၂၄၄ ဒသမ ၅၂ မှတ် သို့မဟုတ် ၁ ဒသမ ၈၇ ရာခိုင်နှုန်း မြင့်တက်ပြီး ၁၃၂၉၂ မှတ်ထိ ရောက်ခဲ့ပါတယ်။Source.Xinhua
လန်ဒန် ဥရောပမှာ စီးပွားရေး အကျပ် အတည်းကို နှစ်နှစ်ခွဲကျော် အကြာ ကြီး ရှောင်ကျဉ်နိုင်ခဲ့ပေမဲ့ ယူရိုဇုန်မှာ ဖြစ်ပျက်သမျှ ဒုက္ခအားလုံးက ဂျာမနီ နိုင်ငံအပေါ်ကို စုပြုံကျရောက်လာ ပါတယ်။ ဂျာမနီနိုင်ငံက ယခုနှစ် ဒုတိယနှစ်ဝက်မှာ စီးပွားရေး ဆုတ် ကပ်အတွင်း ကျရောက်နိုင်တယ်လို့ စက်တင်ဘာ ၆ ရက်က ထုတ်ပြန်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။Source.newyorktimes.com
ဆိုးလ် တောင်ကိုရီးယား နိုင်ငံရဲ့ သတင်း အချက်အလက် နည်းပညာ လုပ်ငန်းတွေက လူအင်အားရှားပါး မှုနဲ့ ရင်ဆိုင်နေရကြောင်း စက်တင် ဘာ ၇ ရက်က ထုတ်ပြန်တဲ့ စစ်တမ်း တစ်ခုမှာ တွေ့ရပါတယ်။ကိုရီးယား စီးပွားရေးလုပ်ငန်း အသင်းက အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်း ၁၈၀၀ ကို စစ်တမ်း ကောက်ယူခဲ့ရာမှာ ကျွမ်းကျင် လုပ် သား ရှားပါးတဲ့ ပြဿနာနဲ့ ကြုံတွေ့ နေရကြောင်း ၄၄ ဒသမ ၆ ရာခိုင် နှုန်းက ပြောပါတယ်။Source.Yonhap News