Main menu

Background

တရုတ်နိုင်ငံက ဗီဇာကို စည်းကမ်းချက်များ ထပ်တိုး

Sun, 09/09/2012 - 09:17 -- Anonymous (not verified)

တရုတ်နိုင်ငံသို့ လာရောက် လည် ပတ်သူများအတွက် ဗီဇာစည်းမျဉ်း များကို ထပ်မံ တင်းကျပ်ခဲ့ပါတယ်။ ဗီဇာ ရရှိဖို့အတွက် ဖိတ်ခေါ်စာနဲ့ ဟို တယ်ခန်း ကြိုတင်ငှားရမ်းထားပြီးဖြစ်တဲ့ အထောက်အထားတွေပြရမှာ ဖြစ်တဲ့ အတွက် တရုတ်နိုင်ငံကို ကမ္ဘာ့ခရီးသွား လုပ်ငန်းတည်ရာဌာနကြီး အဖြစ်ရောက် ရှိလာဖို့ ကိစ္စကလည်း ပိုမိုအလှမ်းဝေး သွားပါတယ်။ ခရီးသွားအလည်အပတ် ဗီဇာကို လျှောက်ထားသူက လုပ်ပိုင်ခွင့် ရရှိထားတဲ့ ခရီးသွားလုပ်ငန်း တစ်ခု၊ ကုမ္ပဏီသို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးက တရုတ်နိုင်ငံကိုလာဖို့ ဖိတ်ခေါ်ခဲ့တဲ့စာ ကို တင်ပြရပါမယ်။ ပြီးတော့ အသွား အပြန်ဝယ်ထားတဲ့ လေယာဉ်လက်မှတ် မိတ္တူနဲ့ ဟိုတယ်ကြိုတင်လက်မှတ်တွေ ကို ပြရမယ်ဆိုတဲ့ စည်းကမ်း ချက်တွေ ကို ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။

တရုတ်အာဏာပိုင်တွေက လုံခြုံ ရေးအရ နိုင်ငံအတွင်းမှာ ရှိတဲ့ နိုင်ငံ ခြားသားတွေရဲ့ အဆင့်သတ်မှတ်ချက် တွေပြုပြီးတဲ့နောက် ယခုစည်းကမ်းချက် တွေပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံထဲကို တရားမဝင် ရောက်လာ သူတွေကို ရှင်းလင်းဖို့လုပ်နေတဲ့နောက် ယခုလိုဆောင်ရွက်တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံက ကမ္ဘာ့ ခရီးသွားများအတွက် အချက်အချာ ဒေသတစ်ခု ဖြစ်မယ်လို့ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ကြီးက ခန့်မှန်းချက် ပေး ထားပါတယ်။ အကယ်၍ တိတိကျကျအကောင် အထည်ဖော်မယ်ဆိုရင် ဗီဇာရဖို့ လို အပ်ချက်တွေကြောင့် နိုင်ငံခြားသား ခရီးသည်တွေကို ဂယက်ရိုက်ခတ်မှု ရှိ နိုင်ပါတယ်။ခရီးသွားလုပ်ငန်းအေဂျင်စီ တွေရဲ့ ဝင်ငွေလည်း ကျလာနိုင်တယ်လို့ ရှန်ဟဲအခြေစိုက် Capital  Securitis  Corp မှ ချန်လူးကပြောပါတယ်။Source.bangkokpost.com