Main menu

Background

စပိန်နိုင်ငံက Bankia ဘဏ်အတွက် ယူရို ၄ ဘီလီယံခွဲထုတ်ချေး

Sun, 09/09/2012 - 09:18 -- Anonymous (not verified)

Bankia  ဘဏ်အတွက် ယူရို ၄ ဒသမ ၅ ဘီလီယံ (ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ) အရေးပေါ် ထုတ်ချေးပေးခဲ့ကြောင်း စပိန်နိုင်ငံက စက်တင်ဘာ ၃ရက်က ပြောပါတယ်။ ဘဏ်ကြီးရဲ့ လက်ကျန်ရှင်းတမ်းကို ထိန်းသိမ်း နိုင်ဖို့အတွက် ချက်ချင်းအကျိုးသက်ရောက်မှုရှိစေမည့် ရင်းနှီးငွေကို ထုတ်ပေးဖို့ အုပ်ချုပ်ရေးဘုတ် အဖွဲ့က သဘောတူခဲ့ကြောင်း နိုင်ငံတော်က ကျောထောက် နောက်ခံပေးထားတဲ့ Fund for Oredry Bank Restructruing (FROB)   ကပြောပါတယ်။

Bankia ဘဏ်က စပိန်နိုင်ငံ ဘဏ္ဍာရေးကဏ္ဍ အကျပ်အတည်းရဲ့ အချက်အချာတွင်ရောက်ရှိနေပြီး စပိန်နိုင်ငံအတွက် ယူရိုဘီလီယံ ၁၀၀ ရရှိနိုင်ရန် ဇွန်လအတွင်းက ဦးဆောင်ကြိုးပမ်းခဲ့တဲ့  ဘဏ်ကြီးတစ်ခုဖြစ်ပါ တယ်။ ငွေကြေးကိုထုတ်ပေးရာတွင် Bankia  မှတစ်ဆင့် ရင်းနှီးငွေကို တိုးမြှင့် ပေးသွားမှာဖြစ်ကြောင်းနဲ့ ယခုဆုံးဖြတ်ချက်ကို ဥရောပအာဏာပိုင်တို့ရဲ့ သဘောတူညီချက်က ရယူဆောင်ရွက်ထားခြင်းဖြစ်ကြောင်း အလေးပေး ပြော ကြားပါတယ်။ ထုတ်ပေးငွေမှာ ယူရိုဇုန်သဘောတူညီချက်အရ FROB က Bankia ဘဏ်အတွင်းသို့ မတည်ရင်းနှီးငွေကို အမြောက်အမြား  ထည့်ပေးထားမှာ ဖြစ်ကြောင်း FROB ကပြောပါတယ်။ အပြည့်အဝထုတ်ပေးမဲ့ပမာဏကို လာမဲ့ ရက်သတ္တပတ်တွေအတွင်း ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ Bankia ဘဏ်ကို ဒုက္ခရောက်နေသော ဒေသတွင်း ဘဏ်ခုနစ်ခုဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ ဈေးကွက်ထဲမှာ မှတ်ပုံတင်ခဲ့ပါတယ်။ ဒါကြောင့် Bankia  ဘဏ်က စပိန်ဘဏ်စနစ်အတွင်း အားနည်းချက်ပြင်းထန်မှုကို ဖြစ်ပေါ်နေတဲ့ နေရာတွေနဲ့ အထိအတွေ့ ပိုများနေပါတယ်။ ယခုနှစ် ပထမနှစ်ဝက်မှာ Bankia ဘဏ်က ယူရို ၄ ဒသမ ၄၅ ဘီလီယံ အရှုံးပေါ်ခဲ့ပြီး  BROB  က အဆောတလျင် အရေးယူဆောင်ရွက်ဖို့ ကတိပြုခဲ့ ရပါတယ်။ ယခင်တစ်နှစ် ပထမနှစ်ဝက်ကတော့ ယူရို ၂၀၅ သန်းအမြတ်ပေါ် ခဲ့ပါတယ်။Source.AFP