Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Sun, 09/09/2012 - 09:19 -- Anonymous (not verified)

ဥရောပဒေသရဲ့ ကြွေးမြီအကျပ် အတည်းကို ထိန်းချုပ်နိုင်အောင် ဘွန်း စာချုပ်တွေဝယ်မဲ့အစီအစဉ်ကို ဥရောပ ဗဟိုဘဏ်(အီးစီဘီ)က ကြေညာပြီး နောက် အာရှငွေကြေးများက ရက် သတ္တပတ်အဖြစ် တတိယမြောက် မြင့် တက်မဲ့အလားအလာကို ပြသလာပါ တယ်။ဒါပေမဲ့ အမေရိကန် ပြည်ထောင် စုနဲ့တရုတ်နိုင်ငံတို့က စီးပွားရေး ဆိုင် ရာကိန်း ဂဏန်းတွေ မထုတ် ပြန်သေး လို့ဈေးနှုန်းကို အနည်းငယ် အထိန်းအ ကွပ်ရှိနေပါတယ်။

ဘွန်းစာချုပ်တွေကို အကန့်အ သတ်မရှိဝယ်ယူမဲ့အစီအစဉ်ကိုမူဝါဒရေး ဆွဲသူတွေက သဘောတူလိုက်ပြီဖြစ် ကြောင်း အီးစီဘီဥက္ကဌမာရီယိုဒရပ်ဂီက စက်တင်ဘာ ၆ ရက်နေ့ကပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကျ ဆင်းနေတာနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေ တဲ့စိုးရိမ်မှုတွေက ယခုရက်သတ္တပတ် အတွင်းမှာ အမေရိကန်နိုင်ငံရဲ့ အလုပ် အကိုင်အခြေအနေကောင်းမွန်နေတယ် လို့ ဖေါ်ပြထားတဲ့ အစီရင်ခံစာတွေ ကြောင့် အနည်းငယ်စိတ်သက်သာရာ ရစေခဲ့ပါတယ်။ "အီးစီဘီရဲ့ အရေးယူဆောင်ရွက် မှုက ယူရိုနယ်မြေဘဏ္ဍာရေးဈေးကွက် ကို တည်ငြိမ်မှု ရစေခဲ့ပါတယ်" လို့ဘန် ကောက်အခြေစိုက် ဆုမိတိုမိုမစ်ဆူအီ ကော်ပိုရေးရှင်းမှကိုဇိုဟာဆဲဂါဝါက ပြောပါတယ်။
 
တရုတ်ယွမ် မော်တော်ကားလမ်းနဲ့ ရထားလမ်း ဖေါက်လုပ်ရေးလုပ်ငန်းတွေအတွက် သုံးစွဲတာကို အစိုးရက မြှင့်တင်ပေး တော့မဲ့အလားအလာတွေတွေ့နေတဲ့ တွက် ပို့ကုန်တွေကျဆင်းနေပေမဲ့ ယွမ် ငွေကြေး တန်ဖိုးက စက်တင်ဘာ ၇ ရက် နေ့မှာ ရက်သတ္တပတ်အလိုက် တန်ဖိုး မြင့်တက်လာတာကိုတွေ့ရပါတယ်။ ယခုရက်သတ္တပတ်ထဲမှာ ယွမ်ငွေ  ကြေးတန်ဖိုးက ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားငွေ ရောင်းဝယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အ ရသိရပါတယ်။လက်ငင်းဈေးကွက်မှာ စက်တင်ဘာ ၆ ရက်က ရှိခဲ့တဲ့ တစ်ဒေါ်လာ ၆ ဒသမ ၃၄၂၈ ယွမ်ဈေး အောက်ကျဆင်းပြီး တစ်ဒေါ်လာကို ၆ ဒသမ ၃၄၃၈ ယွမ်နှုန်းရှိခဲ့ပါတယ်။
အိန္ဒိယရူပီး အိန္ဒိယနိုင်ငံရဲ့ ရှယ်ယာဈေးကွက်  တွေရဲ့ လမ်းစဉ်အတိုင်းလိုက်ပြီး စက်တင်ဘာ ၇ရက်မနက်ပိုင်းဈေးကွက် မှာ ရူပီးတန်ဖိုးက ဒေါ်လာနဲ့ဖလှယ်ရာ မှာ ဆက်လက်မြင့်တက်ခဲ့ပါတယ်။ဘဏ်တွေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေ က ဒေါ်လာတွေကို  ထုတ်ရောင်းနေတဲ့ အတွက် ရူပီးတန်ဖိုးက ၀ ဒသမ ၁၀ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၅၅ ဒသမ ၅၆ ရူပီးနှုန်းရှိခဲ့ပါတယ်။ ရူပီးငွေဈေးက စောစောပိုင်းက တစ်ဒေါ်လာကို ၅၅ဒသမ ၅၀ ရူပီးနဲ့ ၅၅ ဒသမ ၆၂ ရူပီးကြားအရောင်း အဝယ်ဖြစ်နေရာမှ မနက် ၁၀ နာရီ ၄၀ မိနစ်မှာ ၅၅ ဒသမ ၅၆ ရူပီးနှုန်းဖြစ်ခဲ့ ပါတယ်။
ဂျပန်ယန်း ယူရိုဇုန်နိုင်ငံများ၏ ချေးငွေကုန် ကျစရိတ်ကို လျှော့ချနိုင်ဖို့အတွက် အလူးအလဲရုန်းကန်နေရတဲ့ ယူရိုဇုန် နိုင်ငံတွေရဲ့ ဘွန်းစာချူပ်တွေတိုးမြှင့် ဝယ်ယူဖို့ ဥရောပ ဗဟိုဘဏ်က စက်တင်ဘာ ၆ ရက်က ကြေညာခဲ့ပြီး နောက်ပိုင်း ယူရိုငွေကြေးတန်ဖိုး မြင့် တက်ခဲ့ပါတယ်။ စက်တင်ဘာ ၅ ရက်ညနေပိုင်း တစ်ယူရိုကို ၁ဒသမ ၂၆၀၀ ဒေါ်လာ နှုန်းရှိရာမှ ၆ ရက်နေ့ဂရင်းနစ်စံတော် ချိန် ၂၁ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၂၆၂၉ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ယန်း ငွေနဲ့ဖလှယ်ရာမှာ တစ်ယူရိုကို ၉၈ ဒသမ ၇၈ ယန်းနှုန်းကနေ ၉၉ ဒသမ ၆၀ ယန်းထိမြင့်တက်ခဲ့ပါတယ်။ ဒေါ်လာ၊ ယန်း ဖလှယ်နှုန်းက တစ်ဒေါ်လာကို ၇၈ ဒသမ ၃၈ ယန်း မှ ၇၈ ဒသမ ၈၅ ယန်းနှုန်းထိရောက် ရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ် ရင်းဂစ်အပါအဝင် အာရှငွေကြေး တွေ ဝယ်လိုအားမြင့်တက်လာတဲ့အ တွက် စက်တင်ဘာ ၇ ရက်မနက်ပိုင်း ဈေးကွက်မှာ ရင်းဂစ်တန်ဖိုးက ဆက် လက်မြင့်တက်ခဲ့ပါတယ်။စက်တင်ဘာ ၆ ရက်ဈေးပိတ်ချိန်က တစ်ဒေါ်လာကို  ၃ ဒသမ ၁၁၆၀ ရင်းဂစ်နှုန်းရှိခဲ့ရာမှ စက်တင်ဘာ ၇ ရက် မနက် ၉ နာရီ ၈ မိနစ်မှာ ၃ ဒသမ ၁၀၈၀ ရင်းဂစ်နှုန်းထိ ရင်းဂစ်တန်ဖိုးမြင့်တက်ခဲ့ကြောင်း ဝယ် ရောင်းသမားတွေ က ပြောပါတယ်။ ဈေးနှုန်းမြင့်တက်ခဲ့ရတာဟာ စက်တင် ဘာ ၆ ရက်က အီးစီဘီရဲ့ ကြေညာ ချက်ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
တောင်ကိုရီးယားဝမ် Fitch Ratings အဆင့်သတ်မှတ် ရေးအေဂျင်စီက တောင်ကိုရီးယား၏ ချေးငွေအဆင့်တိုးမြှင့်သတ်မှတ်ခြင်းနဲ့ အီးစီဘီက ဥရောကြွေးမြီအကျပ်အ တည်းဖြေရှင်းဖို့ တိုးမြှင့်ကြိုးပမ်းလာပြီး နောက်ပိုင်း ဝမ်ငွေကြေးတန်ဖိုးက စက်တင်ဘာ ၆ ရက်မှာ ရက်သတ္တပတ် သုံးပတ်အတွင်း အမြင့်ဆုံးထိမြင့်တက် ခဲ့ပါတယ်။ ဝမ်ငွေကြေးတန်ဖိုးက စက်တင် ဘာ ၆ ရက်မနက် ၁၀ နာရီ ၂၁ မိနစ်က သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၁၁၃၁ ဒသမ ၀၇ ဝမ်နှုန်းရှိခဲ့ပါတယ်။စောစော ပိုင်းက တစ်ဒေါ်လာကို ၁၁၂၉ ဒသမ ၀၃ ဝမ်နှုန်းထိတန်ဖိုးမြင့်တက်ခဲ့ ပါတယ်။
ထိုင်းဘတ် အီးစီဘီက ဘွန်းစာချုပ်ဝယ်ယူ ရေး အစီအစဉ်ကို ကြေညာခဲ့သဖြင့် ထွန်းသစ်စဈေးကွက်တွေရဲ့ အက်ဆက် တွေကို ဝယ်လိုအား မြင့်တက်လာပြီး နောက် ထိုင်းဘတ်တန်ဖိုးက ရက်သတ္တ ပတ်အလိုက် နှိုင်းယှဉ်ရင် တန်ဖိုးမြင့် တက်ခဲ့ပါတယ်။ ဘတ်ငွေရဲ့ တန်ဖိုးက စက်တင် ဘာ ၇ ရက်မနက် ၈ နာရီ ၂၉ မိနစ်မှ ၀ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၂၁ ဘတ် နှုန်းရှိခဲ့ကြောင်း ဘလွမ်းဘတ်ကပြုစု ထားသော စာရင်းများအရသိရပါတယ်။Source.broomberg,pti, Afp,bernama