Main menu

Background

ရေမှော်မှ ဇီဝလောင်စာဆီ ထုတ်လုပ်ရန် ထိုင်းနိုင်ငံမှ PTT ကုမ္ပဏီကရည်မှန်းထား

Sun, 09/09/2012 - 09:18 -- Anonymous (not verified)

၂၀၁၇ ခုနှစ်မှာ ရေမှော်ကနေ ဇီ၀ လောင်စာဆီကို စီးပွားဖြစ် ထုတ်လုပ် သွားမှာ ဖြစ်ကြောင်းနဲ့ တစ်စည်ကို ဒေါ်လာ ၁၅၀ရှိနိုင်ကြောင်း အမျိုးသား ရေနံကုမ္ပဏီ PTT ရဲ့ အမှုဆောင်ချုပ် ပိုင်လင်းချပ်ချိုတာဝန် က ပြောပါတယ်။ အဲဒီအချိန်မှာ ရေမှော်အခြေခံဓာတ်ဆီ က ရုပ်ကြွင်းလောင်စာဆီကို ယှဉ်ပြိုင် နိုင်မှာ ဖြစ်ကြောင်း အဲဒီအချိန်မှာ ရုပ်ကြွင်းလောင်စာဆီရဲ့ တန်ဖိုးက ယခု နှစ် ပျမ်းမျှတစ်စည်ကို ဒေါ်လာ ၁၁၀ ရှိရာမှ ဒေါ်လာ ၁၅၀ အထိ ရောက် သွားနိုင်ကြောင်း ဘန်ကောက်မြို့မှာ စက်တင်ဘာ ၃ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် အာရှ-အိုရှင်း နီးယား ရေမှော်ပြုပြင် ဆန်းသစ်ရေး ထိပ်သီးအစည်းအဝေးက ဒေါက်တာ ပိုင်လင်းက ပြောပါတယ်။

"ရေမှော်အခြေခံ ဇီဝလောင်စာ ဆီရဲ့ ဈေးနှုန်းက ရုပ်ကြွင်းလောင်စာ ဈေးထက် နှစ်ဆသုံးဆမြင့်တ က်နိုင် ပေမဲ့ နောက်အနာဂတ်မှာ တွက်ချက် ထုတ်လာနိုင်စရာ ရှိပါတယ်" ဟု ဒေါက်တာ ပိုင်လင်းက ပြောပါတယ်။ PTT က  ၂၀၀၈  ခုနှစ်မှစပြီး မှော်ပင်မှ ဇီဝလောင်စာဆီ ထုတ်လုပ် ရာတွင် ထိုင်းနိုင်ငံ သိပ္ပံနဲ့နည်းပညာ သုတေသနဌာနနဲ့  အမျိုးသားသိပ္ပံနဲ့ နည်းပညာဖွံ့ဖြိုးရေး  အေဂျင်စီတို့နဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ထိုနှစ်က ကမ္ဘာ့ရေနံဈေးနှုန်းများမှာ မိုးထောင်တက်နေလျက် ရှိနေခဲ့ရာ PTT က ရေမှော် စိုက်ပျိုးရေးလုပ်ငန်း များကို စံချိန်တင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့ပြင် တက္ကသိုလ်များနဲ့ သိပ္ပံပညာ ဆိုင်ရာအဖွဲ့တို့နဲ့ ပူးပေါင်းပြီး Think  Algae Project   ကို ဆောင်ရွက်ခဲ့ ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ပူးပေါင်းအဖွဲ့ ပြည်တွင်း ရေချိုအရင်းအမြစ်များမှ ရေမှော်အမျိုးပေါင်း ၁၀၀၀ ကျော်ကို စုစည်းနိုင်ခဲ့သလို ပင်လယ် ရေငန် အတွင်းမှ ရေမှော်တို့ကိုလည်း စုစည်း နိုင်ခဲ့ပါတယ်။  PTT  သည် ၂၀၁၁ ခုနှစ် ကရစ်ဆစ်ဒေသတွင်လီတာ ၁၀၀၀၀၀ ထုတ်လုပ်နိုင်ရေးအတွက် ဘတ်သန်း ၂၅၀ ရင်းနှီးမြှုပ်နှံ  ဆောင်ရွက်ခဲ့ပါ တယ်။Source.bangkokpost.com