Main menu

Background

အမေရိကန်ဘဏ်တွေအတွက် အလားအလာမှေးမှိန်နေ

Sun, 09/09/2012 - 09:22 -- Anonymous (not verified)

နိမ့်ကျနေတဲ့ အတိုးနှုန်းနဲ့ စီးပွားရေးဖွံ့ဖြိုးနှုန်း နှေးကွေး နေတာတွေက နောက်ထပ် ၁၂ လ ကနေ ၁၈ လအထိ အမေရိကန်ဘဏ်လုပ်ငန်းကဏ္ဍကို ထိခိုက်နေဦးမှာဖြစ်တဲ့ အတွက်အမေရိကန်ဘဏ်တွေရဲ့ရှေ့အလားအလာက အနုတ် လက္ခဏာဆက်ပြနေဦးမှာဖြစ်ကြောင်း   Moody's Invester Services ကပြောပါတယ်။ပြည်ထောင်စု ဘတ်ဂျက် လိုအပ် ငွေအတွက်ဥရောပကြွေးမြီအတွက် ရေရာတဲ့စီမံချက်မရှိတာ အမေရိကန်ဘဏ်များအတွက် ခက်ခဲတဲ့ပတ်ဝန်းကျင်ကို ပေါ် ပေါက်လာစေပါတယ်။

အမေရိကန်ဘဏ်တွေက ဆုံးရှုံးမှုမဖြစ်အောင် ကာ ကွယ်မှုတွေ တိုးမြှင့်ဆောင်ရွက်လာနိုင်တဲ့အတွက် ၂၀၁၀ ပြည့်နှစ်ဦးပိုင်းကစပြီး အမေရိကန်ဘဏ်အများစုရဲ့ ချေးငွေ အဆင့်ကို " အနုတ်လက္ခဏာ" ကနေ "တည်ငြိမ်မှု" ရှိတဲ့ အဆင့်ကို Moody's  က တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့ စီးပွားရေးတစ်ခုလုံးကို ခြုံကြည့်ရင် အဲဒီ အခြေ အနေအပေါ် ကို လွှမ်းမိုးမှုတွေရှိနေတယ်။ အကြောင်းရင်းက ဘဏ်တွေက ပေးဆပ်ဖို့ ပျက်ကွက်နိုင်တဲ့ ချေးငွေတွေကိုပိုက်ထားပြီး အကယ်၍အမေရိကန်စီးပွားရေးကျဆင်းသွားရင် ဘဏ်တွေ ရဲ့ အခြေအနေကလည်း တစ်မျိုး တစ်မည် ပြောင်းလဲသွားနိုင် ပါတယ်။ ပြည်ထောင်စုအပ်နှံငွေ အာမခံကော်ပိုရေးရှင်း (FDIC)ဥက္ကဌ မာတင်ဂရု အင်ဘတ်နဲ့ အမေရိကန်ဗဟိုဘဏ် ဥက္ကဌတို့က ဥရောပကြွေးမြီအကျပ်အတည်းက အမေရိကန် စီးပွားရေးနဲ့ဘဏ်တွေအပေါ် ဂယက်ရိုက်ခတ်မှုရှိနိုင်တယ်လို့ သတိပေးစကားပြောထားပါတယ်။ အမေရိကန်ဘဏ်တွေရဲ့ ဝင်ငွေက ယခုနှစ်ဒုတိယ သုံးလပတ်မှာ ၂၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒေါ်လာ ၃၄ ဒသမ ၅ ဘီလီယံထိရောက်ခဲ့ကြောင်း လွန်ခဲ့တဲ့ ရက်သတ္တ ပတ်က (FDIC)  ကကြေညာပါတယ်။ဒါပေမဲ့ စား သုံးသူတွေကို ထုတ်ချေးငွေ မြင့်တက်ခဲ့ပါတယ်။ဆုံးရှုံးမှုအတွက် ဖယ်ပြီးစု ထားနိုင်တဲ့ ပမာဏက ကျဆင်းပေမဲ့ ဖေါက်သည်တွေက အချိန်မီ ပြန်ဆပ်နိုင်ကြပါတယ်။ (FDIC) ရဲ့စာရင်းမှာ ဒုက္ခတွေ့ နေတဲ့ဘဏ်စာရင်းဧပြီ-ဇွန်ကာလမှာ ပဉ္စမမြောက် သုံးလပတ် အဖြစ် ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ဘဏ်တွေရဲ့ ဝင်ငွေက အား နည်းနေဆဲ ဖြစ်ပါတယ်။                               Source.AP