Main menu

Background

ဘဏ်များ ကြီးကြပ်ရေးအခန်းကဏ္ဍကို ဖော်ဆောင်ရန် အီးစီဘီပြင်ဆင်

Sun, 09/09/2012 - 09:21 -- Anonymous (not verified)

တချို့သော စည်းကမ်းချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် ဥရောပဘဏ် လုပ်ငန်းစနစ်အတွက် ကြီးကြပ်ရေးအခန်း ကဏ္ဍကို ဥရောပဗဟိုဘဏ် (အီးစီဘီ) က ဆောင်ရွက်လိုသော ဆန္ဒရှိကြောင်း အီးစီဘီအရာရှိ တစ်ဦးက စက်တင်ဘာ ၄ ရက်မှာ ပြောပါတယ်။

"အီးစီဘီက အမျိုးသားဗဟိုဘဏ်တွေနဲ့ အတူတွဲပြီး ကြီးကြပ်ရေး အာဏာ ပိုင် အဖွဲ့အဖြစ် တာဝန်ယူ ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်"လို့ ဖရန့်ဖတ်မြို့မှာ ကျင်းပနေတဲ့  ဘဏ်လုပ်ငန်းကွန်ဂရက်မှာ အီးစီဘီအမှု ဆောင်ဘုတ်အဖွဲ့ဝင် ဂျိုအာအက်စမူဆန်က ပြောပါတယ်။ ဒါပေမဲ့ "တချို့စည်းကမ်းချက်တွေ"နဲ့ ပြည့်စုံမှသာ အီးစီဘီက အဲဒီလို ဆောင်ရွက်မှာဖြစ်ကြောင်း အက်စမူဆန်က စီးပွားရေးနေ့စဉ်သတင်းစာ Handelsblatt ကကျင်းပတဲ့ ကွန်ဂရက်မှာ ပြောပါတယ်။ယူရိုကိုမျှဝေသုံး စွဲနေတဲ့ ၁၇ နိုင်ငံမှာ ဈေးနှုန်းတည်ငြိမ်မှုရှိအောင် ဆောင်ရွက်ဖို့ပေးထားတဲ့ အီးစီဘီရဲ့ အရေးပါတဲ့ အခွင့်အာဏာကိုတော့ " ထိပါးမှုမရှိအောင်" ထားရ ပါမယ်လို့ သူကပြောပါတယ်။ ငွေကြေးမူဝါဒကိုဘဏ်လုပ်ငန်း ကြီးကြပ်ရေးနဲ့ သီးခြားခွဲထားရမယ်လို့ သူကပြောပါတယ်။ ဘဏ်ရဲ့ကြီးကြပ်ရေးအခန်းကဏ္ဍကို ဆောင်ရွက်ရာမှာ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် အီးစီဘီက သူ့သဘောကျဆောင်ရွက်ခွင့် ရှိရမယ်။ ဒီလိုဆောင်ရွက်ရာမှာ သတင်းအချက်အလက်ရယူ စုဆောင်းခွင်နဲ့ ဘဏ်တစ်ခုခုက သူ့ဘာသာသူရပ်တည်နိုင်မှု မရှိတဲ့အချိန်မှာ လိုအပ်ပါက ပိတ်ပစ်နိုင်တဲ့ အခွင့်အာဏာ ရှိရပါမယ်။Source.AP