ပြောင်း၊ ဂျုံနဲ့ ပဲပုပ်ဈေးတွေကြီးမြင့်နေတာကို ထိန်းချုပ်ဖို့ အရေးယူဆောင်ရွက်တာတွေကို အလျင်အမြန် ဆောင်ရွက်ဖို့နဲ့ ၂၀၀၇-၂၀၀၈ ခုနှစ်က စားနပ်ရိက္ခာအကျပ်အတည်းမျိုးထပ်မံဖြစ်ပွားမှာကိုရှောင်ကြဉ်ဖို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီသုံးခုက အစိုးရတွေကို တိုက်တွန်းခဲ့ပါတယ်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ စားနပ်ရိက္ခာ ဈေးနှုန်းမြင့်တက်မှုတွေက လူသန်းပေါင်းများစွာရဲ့ ဘဝနေထိုင်မှုအခက်အခဲကို ပိုမိုဖြစ်ပွားစေလျက်ရှိရာ အထူးသဖြင့် ဆင်းရဲသောနိုင်ငံများအတွက် ပိုမိုဆိုးဝါးနေကြောင်း ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်(WFP)၊ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) နဲ့ အပြည်ပြည်ဆိုင်ရာ လယ်ယာ စိုက်ပျိုးရေးဖွံ့ဖြိုးမှုရန်ပုံငွေအဖွဲ့ (IFAD) တို့မှ ဦးစီးခေါင်းဆောင်တို့က သတိပေးပါတယ်။
ပြောင်း၊ ဂျုံနဲ့ ပဲပုပ်တင်ပို့ရာမှာ နံပါတ် ၁ နေရာမှာရှိနေတဲ့ အမေရိကန် ပြည်ထောင်စုမှာ ကာလရှည်ကြာစွာ ပူပြင်းခြောက်သွေ့မှုက ကုန်စည်ဈေး နှုန်းတွေကို မြင့်တက်စေခဲ့ပါတယ်။ကမ္ဘာ့ဈေးနှုန်းတွေက သုံးလကျဆင်း နေရာမှ ဇူလိုင်မှာ ၆ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း FAO စားနပ်ရိက္ခာ ဈေးနှုန်း အညွှန်းကိန်းမှာ ဖော်ပြထားပါ တယ်။ ယခုလိုဖြစ်ရတာက အမေရိကန် ပြည်ထောင်စုမှာ ပူပြင်းခြောက်သွေ့မှု နဲ့ ရာသီဥတု ခြောက်သွေ့မှုကြောင့် ရုရှားမှာ သီးနှံအတွက်အလားအလာ ကျဆင်းနေမှုတို့ကြောင့် ဖြစ်ပါတယ်။စားနပ်ရိက္ခာတွေကို ထိတ်လန့် တကြား မဝယ်ကြဖို့နဲ့ ထုတ်လုပ်မှုကျ ဆင်းတဲ့အခါ ပို့ကုန်ကန့်သတ်ချက်တွေ မပြဋ္ဌာန်းကြဖို့ အေဂျင်စီသုံးခုက နိုင်ငံ များကို တိုက်တွန်းထားပါတယ်။ဒီလို ဆောင်ရွက်ရင် ပြည်တွင်းစားသုံးသူတွေ ကို ယာယီအားဖြင့် အထောက်အကူပြု နိုင်ပေမဲ့ တခြားနိုင်ငံတွေမှာရှိတဲ့သူတွေ အတွက် အခက်အခဲတွေ့နိုင်ကြောင်း ပြောပါတယ်။ ပြည်တွင်းဂျုံထုတ်လုပ်မှု ကျဆင်းတာကို ခုသာခံသာရှိအောင် ရုရှားနိုင်ငံက ပို့ကုန်တွေကို ယခင်က ကန့်သတ်ခဲ့ဖူးပါတယ်။တကယ်လို့ စားနပ်ရိက္ခာတွေ ရှား ပါးလာရင် ဇီဝလောင်စာဆီထုတ်လုပ် တာတွေကို ထိန်းသိမ်းညှိနှိုင်းဆောင် ရွက်ဖို့ တိုက်တွန်းပါတယ်။ တိရစ္ဆာန်စာ ပြောင်းတွေ အရမ်း ဈေးကြီးလာတဲ့ အတွက် ဇီဝလောင်စာဆီ ထုတ်လုပ် တာကိုလျှော့ ချဖို့ အမေရိကန် တိရစ္ဆာန် မွေးမြူရေးသမားတွေကအစိုးရကိုတောင်း ဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင် စုကထွက်ရှိတဲ့ ပြောင်းရဲ့ ၄၀ ရာခိုင် နှုန်းကို အီသနော ထုတ်လုပ်ရာမှာ အသုံးပြုနေပါတယ်။ Source.AP