Main menu

Background

ပဉ္စမအကြိမ်မြောက် တောင်အာရှစီးပွားရေးထိပ်သီးဆွေးနွေးပွဲ စက်တင်ဘာ ၁၁ ရက်တွင်ကျင်းပမည်

Sun, 09/09/2012 - 09:32 -- Anonymous (not verified)

ပဉ္စမအကြိမ်မြောက် တောင်အာရှစီးပွားရေးထိပ်သီးဆွေးနွေးပွဲကို ပါကစ္စ တန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့မှာ စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပ မှာဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးမှာ တောင်အာရှနိုင်ငံတွေရင်ဆိုင်နေရတဲ့ ရှည်ကြာလှပြီ ဖြစ်တဲ့ စီးပွားရေးစိန်ခေါ်မှုတွေကို ဆွေးနွေးပြီးဒေသတွင်းမှာ ရေရှည်ဖွံ့ဖြိုးတိုးတက် စေနိုင်မဲ့အဖြေတွေ ရှာဖွေဖော်ထုတ်သွား မှာဖြစ်ကြောင်း၊ ရေရှည်ဖွံ့ဖြိုးရေးမူဝါဒသိပ(SDPI)  မှ စီးပွားရေးဖွံ့ဖြိုးမှု ယူနစ်ဦးစီးမှူး ဒေါက်တာဗာဂါအာမက်က စက်တင် ဘာ ၃ ရက်က ပြောပါတယ်။ ကျင်းပမဲ့ စီးပွားရေးထိပ်သီးအစည်းအဝေးနဲ့ပတ် သက်ပြီး မီဒီယာတွေကိုရှင်းလင်းတင်ပြချိန်က ယခုလိုပြောကြားတာဖြစ်ပါတယ်။အခမ်းအနားကို သမ္မတ ဇာဒါရီက ဖွင့်လှစ်ပေးဖို့စီစဉ်ထားပြီး အခမ်းအနား ကို ဧည့်သည်တော်အဖြစ် တက်ရောက်မဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီနာရာဘာနီခါက အပိတ်မိန့်ခွန်းပြောကြားမယ်လို့ ခန့်မှန်းထားပါတယ်။ အစည်းအဝေးသို့ တောင် အာရှဒေသမှ ကိုယ်စားလှယ် ၂၀၀ တက်ရောက်ပြီး ပါကစ္စတန်နိုင်ငံ တစ်ဝန်းမှ လူပေါင်း ၃၀၀၀ ကျော်ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။ ပါဝင်တက်ရောက်မည့် သူတွေထဲမှာ ဝန်ကြီးများ၊ အဆင့်မြင့် အစိုးရမူဝါဒချမှတ်သူများ၊ စီးပွားရေးပညာ ရှင်များ၊ ပညာရှင်များနဲ့ မြို့ပြလူအဖွဲ့အစည်းမှ ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။တောင်အာရှစီးပွားရေး ထိပ်သီးဆွေးနွေးပွဲ (SAES)  ကို ၂၀၀၈ ခုနှစ်ကမှ စတင် အကောင် အထည်ဖော်ခဲ့ပြီး ဆွေးနွေးပွဲမှာ တောင်အာရှမှ မူဝါဒရေးဆွဲသူတို့ ပါဝင်တက်ရောက်ကြပြီး အပြန်အလှန်တည်ရှိနေသော စိုးရိမ်မှုများကို ဒေသတွင်း ချဉ်းကပ်မှုဖြင့် ဖြေရှင်းရန်ေ ဆွးနွေးပြီး တောင်အာရှနိုင်ငံတွေမှာအသုံးချနိုင်မဲ့ ထိုဖြေ ရှင်းမှုများကို ရှာဖွေဖို့ဖြစ်ပါတယ်။ လွန်ခဲ့သောလေးနှစ်က  ဤအစည်းအဝေးသည် တောင်အာရှ၏ ဒါဗို့စ်  "South  Asian  Davos"   အဖြစ်ယူဆခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးဖိုရမ်၏ နည်းလမ်း အတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါတယ်။ ယခင်ထိပ်သီးဆွေးနွေးပွဲတွေကို သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ အသီးသီး ကျင်းပခဲ့ပါတယ်။Source.brecorder.com