အင်ဒိုနီးရှားက ဈေးကြီးမြင့်တဲ့ ထိုင်းဆန်ထက် ဈေးသက်သာတဲ့ ဗီယက်နမ်၊ အိန္ဒိယဆန်ကို ပိုနှစ်သက်တယ်လို့ ဘူးလော့ဂ်မှဆို

အင်ဒိုနီးရှား ဆန်ဝယ်ယူရေး အေဂျင်စီဘူးလော့ဂ်ခေါင်းဆောင်မှ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အခြားနိုင်ငံ ဆန်ဈေးတွေ ထက် တစ်တန်ကန်ဒေါ်လာ ၁၀၀ ထက်ပိုနေတဲ့ ထိုင်းဆန်အစား ဗီယက်နမ်နဲ့ အိန္ဒိယက ဆန်ဝယ်ယူဖို့ပို ပြီး နှစ်သက်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ယခုနှစ်မှာ စပါးထုတ်လုပ်မှု ၄-၅ ရာခိုင်နှုန်းခန့် တိုးမြင့်မယ်လို့ ခန့်မှန်းထားတာကြောင့် ယခုနှစ် ဆန်တင်သွင်းဖို့ မရည်ရွယ်ထားဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဗီယက်နမ်၊ အိန္ဒိယတို့ရဲ့ အရည်အသွေးကောင်းဆန်တွေက နိမ့်နေတာကြောင့် ဆန်တင်သွင်းဖို့ ဖြစ်လာ ရင် အဲဒီနိုင်ငံတွေက ဝယ်ယူသွားမယ်လို့လည်း ၎င်း ကဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ယခုနှစ်မှာ ထိုင်းဆန်တန် ချိန် အနည်းဆုံး တစ်သန်း ဝယ်ယူဖို့ အင်ဒိုနီးရှားကို ဆွဲဆောင်နေပါတယ်။ ယခင်နေ့က ထိုင်းစီးပွားကူးသန်းဝန်ကြီးက အစိုးရအချင်းချင်းစာချုပ်မှု အနေနဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် အပါအဝင် အခြားနိုင်ငံများကို ဆန်တန်ချိန် ၇ ဒသမ ၃ သန်းကျော်တင်ပို့ဖို့ ရှိတယ်လို့ ပြောကြားပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားရော ဖိလစ်ပိုင်ပါ ၂ နိုင်ငံလုံးက ထိုင်းနိုင်ငံနဲ့ စာချုပ်ချုပ်ဆိုမှုမရှိဘူးလို့ တင်းတင်းမာမာငြင်းဆိုနေတယ်လို့ သိရပါတယ်။လမင်း၊Source: oryza .com