ဗီယက်နမ်နိုင်ငံ မဲခေါင်ဒေသ လယ်သမားများ ဆန်ဈေးနှုန်းမြင့်တက်ချိန်မှာ လက်ကျန် ဆန်စပါးမရှိလို့ အကျိုးခံစားရမှုမရှိ
ဗီယက်နမ်နိုင်ငံ မဲခေါင်ဒေသအတွင်း မကြာသေးခင်က ဆန်ဈေးမြင့်တက်လာခဲ့ပေမယ့် လယ်သမားတွေကတော့ ဈေး အနိမ့်နဲ့ ၎င်း တို့ဆန်စပါးတွေ ထုတ်ရောင်းပြီးဖြစ်လို့ လက်ရှိ ရောင်းချနို င်ခြင်းမရှိဖြစ်နေပေမယ့် ကုန်သည်တွေ နဲ့ လုပ်ငန်း ရှင်တွေကတော့ အစောပိုင်းဝယ်ယူထားတဲ့ စပါးတွေထဲက အကျိုးအမြတ်တွေရရှိလို့နေပါတယ်။ ယခုအချိန်ထိ တောင်သူ များဟာ နွေစပါးဟက်တာ ၁ ဒသမ ၆ သန်းနီးပါး ရိတ်သိမ်း ထားပြီး၊ တောင်သူအများစု ဟာ ၎င်းတို့ရဲ့ နေ့စဉ်အသုံးစရိတ်၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစ တာတွေအတွက် အကြွေးပေး ဖို့နဲ့ နောက်ရာသီ သီးနှံစိုက်ပျိုးဖို့အတွက် ပေးချေဖို့ ၎င်းတု့ိစပါး တွေကို လယ်ကွင်းထဲမှ တိုက်ရိုက်ရောင်းချထားပြီးနေပါပြီ။
လက်ရှိ ဆန်ဈေးတက်လာတဲ့အချိန် လယ်သမားများ စိတ်ပျက်နေကြရပါတယ်။ လတ်တလော တန်းနိမ့် IR 50440 စပါးစိုဈေးက တစ်တန် ကန်ဒေါ်လာ ၂၃၀၊ စပါးခြောက်ဈေး က တစ်တန် ကန်ဒေါ်လာ ၂၇၀ ရှိပြီး၊ တန်းမြင့် စပါးဈေးက တစ်တန်ကန်ဒေါ်လာ ၂၈၀ ရှိတယ်လို့ သိရပါတယ်။ တောင်သူများအနေနဲ့ သိုလှောင်ရုံမရှိတဲ့အပြင် အသုံးစရိတ်နဲ့ အကြွေးအတွက် သီးနှံပေါ်ချိန် ချက်ချင်းထုတ်ရောင်းရတဲ့ အတွက် အခုလို ဈေးမြင့်တက်ချိန် ဆုံးရှုံးမှုတွေ ရှိရတယ်လို့ တောင်သူ တစ်ဦးက ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ ထိုင်းအစိုးရက တောင်သူတွေကို ထောက်ပံ့မှုပေးတဲ့အတိုင်း သင်ခန်းစာ ယူသင့်တယ်လို့ ဒေါင်သပ် ပြည်နယ် စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဌာန ဒါရိုက်တာ Duong Quoc Nghia မှ ပြောကြားပါ တယ်။ ဒါ့အပြင် ကူလောင်ဒေသ ဆန်စပါးသုတေသနသိပ္ပံမှ ဒါရိုက်တာ Le Van Banh မှပြောကြားရာမှာလည်း တောင် သူတွေအတွက် အစိုးရရဲ့ ဦးစားပေး မူဝါဒက ဆန်ဈေးနှုန်းမြင့် တက်ဖို့ကူညီနိုင်ပေမယ့် ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုကို နည်း စေနိုင်တယ်လို့ ဆိုပါတယ်။ ထိုင်းလယ်သမားတွေကတော့ ဖော်ပြပါ မူဝါဒအရ အကျိုးအမြတ်များစွာရရှိနေပေမယ့် ဗီယက်နမ် တောင်သူတွေ ကတော့ အမြဲတမ်းဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ Banh မှ ပြောကြားရာမှ ၎င်းတို့ ထိုင်းနိုင်ငံကို သွားရောက်စဉ် ထိုင်းမိတ်ဆွေများက ၎င်းတို့ကို ထိုင်းနိုင်ငံအနေနဲ့ အဓိက စိတ်ဝင်စားမှုက တောင်သူများဖြစ်ပြီး၊ တောင်သူတွေ ဘယ် လို အကျိုးအမြတ်ရနိုင်မယ်ဆိုတာ သိရှိဖို့ဖြစ်လို့ ပထမ အနေ အထား သို့မဟုတ် ဒုတိယအနေအထားအပေါ် အလေး ထား ဆောင်ရွက်ခဲ့တယ် ဆိုတာ ေ၀ မျှပြောကြားခဲ့တယ်လို့ ဆိုပါ တယ်။ မဲခေါင် ဒေသတွင်း နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့ စိုက်ပျိုးရေးပညာရှင်များ ကျွမ်းကျင်သူများကလည်း အဲဒီ မူဝါဒကို သဘောတူညီခဲ့ကြပါတယ်။ ဗီယက်နမ်အစိုးရအနေနဲ့ ကမ္ဘာမှာ ဆန်တင်ပို့မှု အကြီး ဆုံးဖြစ်လာဖို့ မကြိုးစားသင့်ပါဘူး။ ဒါပေမယ့် နိုင်ငံတော် စားနပ်ရိက္ခာဖူလုံဖို့နဲ့ ရေရှည်အောင်မြင်ဖို့ တောင်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းဖို့ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။လဝန်း၊Source: riceonline
