အစိုးရအချင်းချင်း ကုန်သွယ်မှုအရ ထိုင်းနိုင်ငံက ဆန်တန်ချိန် ၇ ဒသမ ၃ သန်းကျော် ရောင်းချသွားမယ်လို့ စီးပွားကူးသန်းဝန်ကြီးမှဆို

ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံဆန်သိုလှောင်မှု စုစုပေါင်းပမာဏရဲ့ထက်ဝက်ကျော်နဲ့ညီမျှတဲ့ဆန်တန်ချိန် ၇ ဒသမ ၃၂၈ သန်း ပြည်ပတင်ပို့ဖု့ိ အခြားနိုင်ငံများစွာနဲ့ သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ စီးပွားကူးသန်း ဝန်ကြီးမှ ပြောကြားပါတယ်။ ၎င်း သဘောတူညီချက်များ ဖြည့်ဆည်းဖို့ သင်္ဘောတင်ပို့မှုတွေကို စတင်နေပြီဖြစ်ပြီး၊ လာမယ့်နှစ်ကုန်တိုင်အောင် ဆက်ပြီး ပို့သွားမယ်လို့ ၎င်း ကဆိုပါတယ်။

ထိုင်းနိုင်ငံက တရုတ်၊ အင်ဒိုနီးရှား၊ အိုင်ဗရီကိုစ့်နဲ့ ဘင်္ဂလားဒေ့ရှ်တို့နဲ့ လက်မှတ်ရေးထိုးကြောင်းလည်း  ထုတ်ပြန်ပြောကြား ပါတယ်။ ပြည်ပတင်ပို့မှု တန်ချိန် ၇ ဒသမ ၃၂၈ သန်းထဲက တန်ချိန် ၄ ဒသမ ၁၇၅ သန်းမှာ အစိုးရသိုလှောင်မှုထဲက တင်ပို့သွားမှာဖြစ်ပြီး၊ ကျန်တဲ့ ဆန်တွေကိုတော့ ပြည်တွင်းဆန်ကုန်သည် များမှ ရောင်းချ သွားမယ်လို့ မျှော်လင့်ထားကြောင်း ၎င်းမှဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၁၂ မှာစုစုပေါင်းဆန်တန်ချိန် ၈ ဒသမ ၅ သန်းဝန်းကျင် တင်ပို့ဖို့ လျာထားပြီး အိန္ဒိယတင်ပို့နိုင်မှုတန်ချိန် ၈ သန်းခန့်နဲ့ ဗီယက်နမ်တင်ပို့နိုင်မှုတန်ချိန် ၇ သန်းအထက် ပိုမိုမယ်လို့လည်း ၎င်း ကဆိုပါတယ်။ အစိုးရအချင်းချင်းကုန်သွယ်မှုအရ ဝင်ငွေဟာ ဘတ် ၂၇၀ ဘီလီယံ(ကန်ဒေါ်လာ ၈ ဒသမ ၇ ဘီလီယံ) ရရှိဖို့ မျှော်မှန်း ထားလို့ စပါးအပေါင်ခံ အစီအစဉ်အရ ၂၀၁၁ အောက်တိုဘာလမှစပြီး တောင်သူတွေဆီက စပါးတန်ချိန် ၁၈ သန်းဝယ်ယူဖို့ ကုန်ကျခဲ့တဲ့ ဘတ် ၂၈၂ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၉ ဘီလီယံ)ထက်တော့ လျော့မှာဖြစ်ပါတယ်။လဝန်း၊Source: oryza.com