Main menu

Background

ယခုတစ်ပတ် ပြည်ပအဝယ်အေးလို့ အရောင်းအဝယ်လျော့ ၊ ပဲတင်ပို့မှု ကျလာ

Fri, 09/28/2012 - 09:30 -- Anonymous (not verified)

ပြည်တွင်း ပဲမျုးိစုံဈေးကွက်မှာ ယခုတစ်ပတ်အရောင်းအဝယ် အေးပြီး ဈေးလျော့လာသလို ပြည်ပတင်ပို့မှု လည်းကျလာတာ တွေ့ရပါတယ်။ အိန္ဒိယဈေးကွက် တချို့ကို မတ်ပဲ အသစ်ဝင်လာ မှုတွေ တိုးလာတဲ့အပြင် main crop  က စက်တင်ဘာ နောက်ဆုံး ပတ်လောက်မှာ ဝင်လာတော့မှာဖြစ်လို့  မြန်မာမတ်ပဲကို ဝယ်လို အားကျလာတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာလည်း ရောင်းသူ တချို့နဲ့ ဝယ်သူများဈေးမတည့်ခြင်းအတွက် လည်း အရောင်း အဝယ်နည်းတယ်လို့ သိရပါတယ်။ ပြည်တွင်းကုန်သည်ကြီးတွေ လက်ထဲမှာ လက်ကျန်ရှိနေေ သးတဲ့ မတ်ပဲက အိန္ဒိယမှာလည်း ဈေးကွက်ထဲဝင်လာတော့မှာဖြစ်လို့ လာမယ့်ကာလတွေမှာ ဝယ်လို အား ဆက်ပြီးကျနိုင်တယ်လို့ ကုန်သည်ကြီးတချို့က ခန့်မှန်းကြပါ တယ်။

အိန္ဒိယတချို့ပဲစိုက်တဲ့ ဒေသတွေမှာ မိုးသည်းတဲ့အတွက် ပဲပင်တွေပျက်စီးနိုင်လို့ ပဲအထွက်လျော့ပြီး ဈေးတိုးလာနိုင်တယ်လို့ တချို့ကခန့်မှန်းကြသလို အိန္ဒိယမတ်ပဲပျက်ရင် ဝယ်လက်တွေ က ဈေးဆွဲချနိုင်တဲ့အတွက် မတ်ပဲဈေးမတက်ဘဲ အကျဘက်ပါမှာ လည်း စိုးရိမ်ရတယ်လို့ ကုန်သည်တချို့က သုံးသပ်ကြပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ မတ်ပဲဈေးတစ်တန် တစ်သောင်း ဝန်းကျင် လျော့လာ တာ တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်မှာ ကြိုကြားကြိုကြား အရောင်းအဝယ် ရှိနေတာကတော့ ပဲစင်းငုံဘဲဖြစ်တယ်လို့ သိရပါတယ်။ ဝယ်လို အား ရှိရင် အရောင်းအဝယ်ဖြစ်ပြီး ဝယ်လိုအားမရှိရင် အဝယ်ရပ် ပေမဲ့ မတ်ပဲလို ဈေးကစားမှုနည်းတယ်လို့ သိရပါတယ်။ အိန္ဒိယမှာ ပဲအထွက်ကလျော့မယ်လို့ ခန့်မှန်းထားကြတဲ့အပြင် စက်တင်ဘာ ၂၅ ရက်မှာ ဖွင့်မယ့် တမီလ်နာဒူးက ပဲစင်းငုံအဝယ်တင်ဒါ တန် သုံးသောင်းရှိနေတဲ့အတွက် လာမယ့်ရက်တွေမှာ ပဲစင်းငုံအဝယ် တကျော့ ရှိနိုင်တယ်လို့လည်း ကုန်သည်တွေ မျှော်လင့်ကြပါ တယ်။ ပြည်တွင်းပဲစင်းငုံစိုက်ရာ အချို့ဒေသတွေမှာ မိုးရေလိုတဲ့အချိန် ရွာသွန်းမှုမရှိလို့ ပဲစင်းငုံအထွက်လျော့မယ့် သတင်းတွေလဲ ရှိနေ တော့ အိန္ဒိယဝယ်လက်တွေက အာဖရိက ပဲစင်းငုံတွေ ဆွဲနေ တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်အတွင်း ပဲစင်းငုံ ဈေးလည်း ကျပ်တစ်သောင်းဝန်းကျင် အတက်အဆင်းရှိနေပါတယ်။ ပဲတီစိမ်းဈေးကွက်ကတော့ လတ်တလောငြိမ်သက်နေ တယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ အဓိက main crop က ဝင်လာနေပြီဖြစ်လို့ လတ်တလောမြန်မာပဲတီစိမ်းဝယ်ယူမှုပါးနေ ပါတယ်။ ဒါပေမဲ့ အိန္ဒိယမှာ ပဲတီစိမ်းဟာ အထွက်တော်တော် လျော့မယ်ဆိုတဲ့အတွက် ပဲတီစိမ်းအလားအလာကတော့ ကောင်း နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒါ့အပြင် ဈေးကွက်အတွင်း ဝင် ရောက်နေတဲ့ အညာပဲတီစိမ်းတွေက အရည်အသွေးမညံ့ဘူး လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၇ ရက်နေ့အထိ ပဲမျုးိစုံ စုစုပေါင်း တင်ပို့ပြီးစီးမှုကတော့ တန်ချိန် ၈၃၂၀၀၀  ကျော်ရှိပြီး ကန်ဒေါ်လာ သန်း ၄၄၀ ကျော်ရရှိထားပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှု တန်ချိန် ၇၁၄၀၀၀ ကျော်မှ ရရှိတဲ့ ဝင်ငွေ ကန်ဒေါ်လာ သန်း ၆၁၀ ကျော်နဲ့ ယှဉ်ရင် ပမာဏအားဖြင့် တန် တစ်သိန်းကျော်ပိုမိုပေမဲ့ ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၁၇၀ ကျော်ခန့် လျော့နည်းတာတွေ့ရပါတယ်။             ပဲမျိုးစုံဈေးနှုန်းက ပြီးခဲ့တဲ့ နှစ်ထက် လျော့ကျခဲ့တဲ့အတွက် ယခုနှစ်မှာ ရရှိတဲ့ဝင်ငွေများ စွာ လျော့နည်းခြင်းဖြစ်ကြောင်း သိရပါတယ်။                                    ယမင်းခင်