Main menu

Background

ပခုက္ကူကုန်စည်ဒိုင်ရဲ့ ရာသီနဲ့အပြိုင် အရောင်းအဝယ်

Fri, 09/28/2012 - 09:36 -- Anonymous (not verified)

စက်တင်ဘာလ ဒုတိယပတ်ကုန်စည်ဒိုင်မှာ စက်တင် ဘာလ ၉ ရက်မှ ၁၄ ရက်အထိ ပဲစင်းငုံနီ တစ်ပိဿာ ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုပမာဏတွေကတော့ ၉ ရက်မှာ တစ်ပိဿာ ၁၀၃၀ နဲ့  ၅၄၅ အိတ် ၁၀ ရက်နေ့မှာ တစ် ပိဿာ ၁၀၂၅ ကျပ်နဲ့ အိတ် ၇၀၀၊  ၁၁ ရက်နေ့မှာ တစ် ပိဿာ ၉၇၅ ကျပ်နဲ့ အိတ် ၁၈၀၀၊ ၁၂ ရက်နေ့မှာ တစ်ပိဿာ ၉၄၅ ကျပ်နဲ့ အိတ် ၅၀၊ ၁၃ ရက်နေ့မှာ တစ်ပိဿာ ၉၈၅ ကျပ်နဲ့ ၇၅ အိတ်၊ ၁၄ ရက်နေ့မှာ တစ်ပိဿာ ၉၉၀ ကျပ်နဲ့ အိတ် ၈၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဈေးဟာအကျဘက် မှာရှိတာတွေ့ရပါတယ်။ ရန်ကုန်အပို့ ၁၁၅ အိတ်သာ ရှိခဲ့ တာဆိုတော့ ပခုက္ကူကုန်သည်ပွဲစား များ လှောင်လက်တစ်ခု မှ နောက်တစ်ခုကို ပြောင်းနေတယ်လို့ သုံးသပ်ရမှာပါ။

ပခုက္ကူကုန်စည်ဒိုင်ကို ယောနှမ်းများဖြစ်တဲ့ နှမ်းဝါ၊ နှမ်းဖြူ၊ နှမ်းနက်တွေဝင်လာတာတွေ့ရပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့မှာ နှမ်းဝါတစ်ပိဿာ ၁၈၂၆ ကျပ်နဲ့ အိတ် ၁၀၀၊ ၁၃ ရက်နေ့မှာ တစ်ပိဿာ ၁၈၄၀ ကျပ်နဲ့ အိတ် ၁၀၀ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ရန်ကုန်ကို နှမ်းဝါ အိတ် ၁၅၀၀ ခန့် အပို့ရှိခဲ့ပါတယ်။ ကုလားပဲဖြူကြီးတစ်ရက်ပဲ အရောင်းအဝယ်ဖြစ်ပြီး၊ တစ်ပိဿာ ၁၀၉၄ ကျပ်နဲ့ အိတ် ၁၀၀ ဖြစ်ခဲ့ပါတယ်။ အခြား သီးနှံများအနေနဲ့ ပခုက္ကူမှ ရန်ကုန်ကို စားတော်ပဲ အိတ် ၃၀၀ ခန့် ပဲနီပြား အိတ် ၁၀၀ ခန့်၊ မန္တလေးကို ပဲကြီးဖြူ အိတ် ၁၀၀ နဲ့ ပဲတီစိမ်းအိတ် ၅၀ အပို့ရှိတာ တွေ့ခဲ့ပါတယ်။ အခု ရက်ပိုင်းအတွင်း ပခုက္ကူမှာ မိုးကရွာလိုက်၊ အုံ့လိုက် နေပူ လိုက် ဖြစ်နေပါတယ်။ အရောင်းအဝယ်မှာလည်း ရာသီနဲ့ အပြိုင် တက်လိုက်ကျလိုက်ဈေးအေးလိုက်ဆိုတော့ အရောင်း အဝယ်ဖြစ်တဲ့ ကုန်စည်ရပ်ဝန်း သတင်းတွေအရ ရာသီနဲ့ အပြိုင်အရောင်းအဝယ် လို့ ပြောရမှာ ဖြစ်ပါတယ်။   မြင့်ဦး