Main menu

Background

သြစတြေးလျက ကုလားပဲဖြူလုံးကြီး စံချိန်တင်ထွက်ရှိမယ့်နှစ်လို့ဆို

Fri, 09/28/2012 - 09:37 -- Anonymous (not verified)

ဈေးနှုန်းမြင့်တက်ခြင်းနဲ့အလေးထားစိုက်ပျိုးမှုတိုးတက်လာခြင်းတို့ကြောင့် ယခုနှစ်ကတော့ သြစတြေးလျ နိုင်ငံအနေနဲ့ ကုလားပဲဖြူလုံးကြီး စံချိန်တင်ထွက်ရှိမယ့်နှစ်လို့ Pulse  Australia မှ ဆိုပါတယ်။ ပဲစုစုပေါင်း ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ်ထက် ၅၆ ရာခိုင်နှုန်း ပိုမိုလာမယ်လို့လည်းဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးကို တစ်နိုင်ငံလုံးမှာဟက်တာ ၅ သိန်းအထက် စိုက်ပျိုးတဲ့ အတွက် တစ်နိုင်ငံလုံး အများဆုံးထွက်မယ်လို့ဆိုပါတယ်။

လတ်တလော  Pulse  Australia  က ခန့်မှန်းရာမှာ ကုလားပဲဖြူလုံးကြီးထုတ်လုပ်မှုဟာ ၂၀၀၉-၁၀ မှာ စံချိန်တင်ထွက်ရှိခဲ့တဲ့ တန်ချိန် ၄၈၀၀၀၀ ထက်ပိုပြီး၊ တန်ချိန် ၇၅၀၀၀၀ ထိရှိမယ်လို့ဆိုပါတယ်။ ကုလားပဲဈေး မြင့်တက်ခြင်းနဲ့ ဂျုံဈေးနိမ့်ခြင်းတို့အပြင် ကုလားပဲစိုက်ပျိုးဖို့ ရာသီဥတုကောင်းခြင်းတို့ကြောင့် ဒီနှစ်မှာ ကုလားပဲဖြူလုံးကြီးစိုက်ပျိုးမှု သိသိသာသာတက်လာခြင်းဖြစ်တယ်လို့ Pulse  Australia  ရဲ့ ဝါရင့်သီးနှံမန်နေဂျာ Gorodon Cumming  မှ ပြောကြားပါတယ်။ သြစတြေးလျမှာ ၁၉၉၀ ပြည့်နှောင်းပိုင်း မှိုရောဂါကျရောက်မှုဖြစ်ပြီးတဲ့နောက် စိုက်ပျိုးမှုနည်းခဲ့ရာမှ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာတော့ ကုလားပဲဖြူလုံးကြီး စိုက်ပျိုးမှုပြန်လည်တိုးတက်လာခဲ့ပါတယ်။ ပဲစေ့ပိုကြီးတဲ့ ကုလားပဲဖြူလုံးကြီးကို စားသုံးသူ ဈေးကွက်တွေမှာ လူကြိုက်ပိုများလာတာကြောင့် တန်ဖိုးပိုမိုတက်လာတဲ့ အတွက်လည်း ပိုစိုက်လာခြင်းဖြစ် တယ်လို့ဆိုပါတယ်။ ပဲထုတ်လုပ်ရာဇုန်တွေမှာ အရည်အသွေးကောင်းတဲ့ မျိုးစေ့တွေကို Pulse Breeding Australia မှ ထုတ်လုပ် လျက်ရှိကြောင်းသိရပါတယ်။ ဒါ့အပြင် Wimmera  မှာ စိုက်ပျိုးမှုများစွာဖြစ်ထွန်းနေတဲ့ ကာဘူလီ ကုလားပဲ အသေးမျိုးလို သင့်တော်တဲ့ဒေသတွေမှာ သင့်တော်တဲ့မျိုးတွေစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ ဖို့ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ ကာဘူလီကုလားပဲဟာ ပုံမှန်အားဖြင့် အဓိကကုလားပဲအမျိုးအစား၊ ဒေစီ ကုလားပဲထက် အလုံးကြီးပါတယ်။ နိုင်ငံမြောက်ပိုင်း မှာ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးတဲ့ ဒေစီကုလားပဲမျိုးကို အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်း မှ ဝယ်လိုအားခိုင်မာလျက်ရှိကြောင်း သိရပါတယ်။  ယမင်းခင်၊Source: pulses austria