Main menu

Background

မုံရွာကုန်စည်ဒိုင် စက်တင်ဘာလ ဒုတိယပတ် ကုလားပဲမျိုးစုံဈေးပြန်ခုန်

Fri, 09/28/2012 - 09:39 -- Anonymous (not verified)

မုံရွာကုန်စည်ဒိုင် စက်တင်ဘာလ ဒုတိယပတ် ပဲဈေး ကွက်မှာ လက်ကျန်နည်းလာတဲ့ ကုလားပဲမျိုး စုံဈေး ပြန်ခုန် လာပြီး၊ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ရန်ကုန် မန္တလေးဝယ်လက် ထက် ဒေသခံခွဲစက်နဲ့ ကြာဇံစက်သမား တွေ အဝယ်များတယ်လို့ဆိုပါတယ်။ ကချင်နဲ့ ရခိုင်ပြည်နယ် အတွက် ကုလားပဲခွဲခြမ်းစီးဆင်းမှုအားကောင်းလာလို့ အခုလို ခွဲစက်သမား အဝယ်သွက်ခြင်းဖြစ်ကြောင်း ကုန်သည်တချို့က ပြောပါတယ်။

ဒီတစ်ပတ် ဈေးကွက်မှာတော့ V2 ကုလားပဲတစ်တင်း ၂၀၄၀၀ ကျပ်ကနေ၂၁၁၀၀ ကျပ်၊ထိုင်ဝမ်ကုလားပဲ တစ်တင်း ၂၀၈၀၀ ကျပ်ကနေ ၂၁၂၀၀ ကျပ်၊ 929 ကုလားပဲတစ်တင်း ၂၁၀၀၀ ကျပ်ကနေ ၂၁၄၀၀ ကျပ် အသီးသီး ဈေးပြန်မာလာ ခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်အနေနဲ့ မုံရွာ ကုန် စည်ဒိုင်မှာ တစ်ရက်ကို V2 ကုလားပဲ အိတ် ၅၀၀ ခန့်နဲ့ 929 ၊ ထိုင်ဝမ်ကုလားပဲ ၂ မျိုးပေါင်းတစ်ရက် အိတ် ၅၀၀ မှ ၇၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာပဲစင်းငုံဈေးကွက်အနေနဲ့ ယခုတစ်ပတ်မှာလည်း ရန်ကုန်ဝယ်လက်အဆွဲပါးနေလို့ ဈေးအေးအရောင်း အဝယ် အေးခဲ့တယ်လို့ သိရပါတယ်။ မုံရွာကုန်သည်တွေဆီမှာ ပဲစင်း ငုံနီ လက်ကျန်လျော့နည်းလာပြီဖြစ်ပေမယ့် နယ်အဝယ်လျော့ လို့ အခုလိုကျဈေးဖြစ်ခဲ့ရတာလို့ ကုန်သည်တချို့က ပြော ပါတယ်။ ယခုတစ်ပတ် ဈေးကွက်မှာလည်းပဲစင်းငုံနီ တစ်တင်း အမြင့်ဆုံး ၂၀၅၀၀ ကျပ်ကနေ ၁၉၃၀၀ ကျပ်ထိ ကျဈေးဖြစ် ပေါ်ခဲ့ကာ အရောင်းအဝယ် အနေနဲ့ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို အိတ် ၅၀၀ မှ ၁၀၀၀ ကြားပုံမှန်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလထဲမှာ ရန်ကုန် အဝယ်ပါးခဲ့လို့ ရေကြောင်းလမ်းကလည်း တင်ပို့မှုမရှိခဲ့ဘူးလို့ ပို့ဆောင်ရေး ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းကြီး ဈေးကွက်အနေနဲ့ လက်ကျန် ပစ္စည်းနည်းသလို ဝယ်လက်လည်း ကျဲခဲ့တယ်လို့ ဆိုပါတယ်။ မန်းအဝယ်အော်ဒါရှိတဲ့ ကုန်သည်တချို့ ဒိုင်မှာဝင်လာသမျှ ပဲကို စုဆောင်းဝယ်နေကြရလို့ ဒီရက်ပတ် အတွင်း တစ်တင်း ၂၀၀၀ ကျပ်နီးပါးဈေးတက်ခဲ့ကာ ၁၉၅၀၀ ကျပ်ဈေးပေါက်ခဲ့ တာ တွေ့ရပါတယ်။ အရောင်း အဝယ်ပမာဏအားဖြင့် နယ် ပစ္စည်းအဝင်ပေါ်မူတည်ကာ တစ်ရက်ကို အိတ် ၁၅၀ မှ ၂၀၀၊ ၃၀၀ အတွင်းသာ ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါ တယ်။ ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ပဲကြီးဈေးကွက်မှာ ဝယ်လက် ငြိမ်နေပြီး၊ နေ့စဉ်ဈေးမဖွင့်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ပဲဝယ်လက်ရှိသူတွေက ရပြီးသား အမြင့်ဈေးကနေ ချမရောင်း လိုကြသလို၊ ဝယ်လက်ကလည်း ပစ္စည်းထိန်းဝယ်ခဲ့ ကြလို့ ယခု တစ်ပတ်မှာတစ်တင်း ၂၇၈၀၀ ကျပ်နဲ့ အရောင်းအဝယ် တန်းနေတာတွေ့ရပါတယ်။ အရောင်းအဝယ် အားဖြင့် ယခု တစ်ပတ်အတွင်းမှာ ပဲကြီးအိတ် ၅၀၀ မှ ၇၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါ တယ်။                                       ထွန်းလှိုင်