Main menu

Background

ဈေးအေး အရောင်းအဝယ်အေးတဲ့ မန်းပဲတီစိမ်းကြီး

Fri, 09/28/2012 - 09:43 -- Anonymous (not verified)

၂၀၁၂ ခုနှစ်၊ သြဂုတ်လလယ်ပိုင်းမှာ မန္တလေး ပဲတီစိမ်းကြီးထိပ်စဈေး တစ်ပိဿာ ၁၁၃၈ ကျပ်နဲ့ နေ့စဉ် ၃ တင်းအိတ် ၈၀၀ ဝန်းကျင်ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ တရုတ်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက်များမှ ကုန်ပစ္စည်းရဲ့ အရည် အသွေးအပေါ်မူတည်ပြီး၊ ဈေးနှုန်း သတ်မှတ်ဝယ်ယူကြောင်းသိရပါတယ်။ ယခု စက်တင်ဘာ လလယ်ပိုင်းမှာ ပဲတီစိမ်းကြီးထိပ်စ တစ်ပိဿာ ၁၀၁၃ ကျပ်နှုန်းနဲ့ နေ့စဉ် ၃ တင်းအိတ် ၃၀၀ မှ ၆၀၀ ကြားသာ  အရောင်းအဝယ်ဖြစ်လို့ ယခင်လနဲ့ နှိုင်းယှဉ်ရင် ဈေးအေးပြီး၊ အရောင်းအဝယ်ပိုအေးသွားကြောင်း သိရပါတယ်။ မန်းပဲတီစိမ်းကြီးဈေးကွက်မှာ တရုတ်ပြည်အထိ ကျယ်ပြန့်တာကြောင့် ဈေးအတက်အကျမှာလည်း ဝယ်လက်ရဲ့ ဝယ်လိုအားနဲ့ ပစ္စည်းရဲ့ အရည်အသွေး ပေါ်တွင်လည်း မူတည်ကြောင်း၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုနဲ့ လမ်းပန်း ဆက် သွယ်မှုသည်လည်း အဓိကအရေးကြီးပါကြောင်း ကုန်ပစ္စည်းအရည်အသွေး၊ ရောင်း လိုအား၊ ဝယ်လိုအား ဈေးကွက်မျှတမှသာ ဈေးနှုန်းတည်ငြိမ်ပြီး ရောင်းဝယ် ဖောက် ကားမှု အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပဲတီစိမ်းကြီး ကုန်သည်တစ်ဦးက ဆိုပါတယ်။စိုးအောင်