Main menu

Background

စက်တင်ဘာဒုတိယပတ် ပြည်ဈေးကွက်မှာ ပဲတီစိမ်းမျိုးသမားများ အဝယ်ရှိသလို ပဲကြီးဈေးနှုန်းကလည်း ဈေးအမြင့်နဲ့ အရောင်းအဝယ်ဖြစ်

Fri, 09/28/2012 - 09:45 -- Anonymous (not verified)

ပြည်ပဲဈေးကွက်အတွင်း ပဲမျိုးစုံလက်ကျန်များနည်းလာခဲ့သလို ပဲဈေးနှုန်း များကလည်း အကျဘက်ကို ဦးတည်နေပါတယ်။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ဈေးနှုန်းများမှာ ယခင်အပတ်ကဈေးနဲ့ယှဉ်ရင် သိပ်ကွာခြားမှုမရှိဘဲ ပဲကြီးဈေးနှုန်း ကတော့ မြင့်တက်နေခဲ့ပါတယ်။ ယခုစက်တင်ဘာ ဒုတိယပတ်အတွင်း မတ်ပဲသီးနှံ မှာလည်း တစ်တင်း ၁၆၃၀၀ ကျပ်ဖြင့်သာ ပဲအဝင်ပါးလာခဲြ့ပီး၊ လှောင်လက် အချို့ငွေလိုလို့ ထုတ်ရောင်းချသူများရှိခဲ့တဲ့အတွက် တစ်ရက်အိတ် ၂၅၀၊ ၃၀၀ ကျော် ရန်ကုန်ဝယ်လက်များဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

ပဲတီစိမ်းသီးနှံကတော့ စက်တင်ဘာလဆန်းမှစပြီး ပဲအဝင်မရှိတော့ဘဲ လက်ကျန်ပဲများဖြင့်သာ ဒေသတွင်း ပဲစိုက်ပျိုးမယ့် တောင်သူအချို့ဝယ်ယူကြတာ ကြောင့် တစ်ရက် ၁၅ အိတ်ကျော် အရောင်းအဝယ်ဖြစ်နေခဲ့ပါ တယ်။ မျိုးပဲကို အရည်အသွေးပေါ်မူတည်လို့ တစ်တင်း ၁၅၅၀၀ ကျပ်မှ ၁၈၅၀၀ ကျပ်ထိရောင်းချ ကြပြီး၊ ဒေသတွင်းမြို့နယ်များဖြစ်တဲ့ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတလည် မြို့နယ်များမှ လာရောက်ဝယ်ယူကြ  တယ်လို့ သိရပါတယ်။ ပဲစင်းငုံသီးနှံမှာ လက်ကျန်နည်းလာခဲ့ပြီး၊ တစ်ခါတစ်ရံ ရန်ကုန်ဝယ်လက် ရှိတာကြောင့် အိတ် ၄၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခင်အပတ်က ပဲစင်းငုံတစ်တင်း ၂၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ယခုအပတ်မှာ တစ်တင်း ၁၈၈၀၀ ကျပ်ဖြင့် ဈေးပြန်အေးသွားသလို အရောင်းအဝယ်လည်းအေး နေခဲ့ပါတယ်။ ပဲကြီးသီးနှံအနေနဲ့ ဈေးကွက်အတွင်းသို့ ကံမ၊ ပန်းတောင်း၊ ရွှေတောင်၊ ကျီးသဲမြို့နယ်များမှ နေ့စဉ်အဝင် မရှိဘဲ တစ်ခါတစ်ရံမှအဝင်ရှိပြီး၊ ပွဲရုံများမှာ ပဲလက်ကျန်များလည်းရှိခဲ့တာကြောင့်၊ ရန်ကုန်ဝယ်လက်ဝယ်လိုအား ရှိတဲ့ရက်မှာ အိတ် ၅၀၀ ကျော်ရောင်းချနိုင်ခဲ့ပါတယ်။ ဒေသတွင်း ပဲလှော်ဖိုလုပ်ငန်းသမားများမှ နေ့စဉ်အဝယ်ရှိပြီး၊ တစ်ရက်အိတ် ၂၈၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းများမှာ စက်တင်ဘာလဆန်းမှစလို့ ဈေးမြင့်လာခဲ့ပြီး၊ ယခုဒုတိယ ပတ်မှာ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၀၀၀၀ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ၂၈၅၀၀ ကျပ်ဖြင့် ဈေးအမြင့်မှာ ဆက်ရှိနေတယ်လို့သိရပါတယ်။  ခင်ဆွေဝင်း