Main menu

Background

မန်ကျည်း တင်ပို့မှုလျော့

Fri, 09/28/2012 - 10:01 -- Anonymous (not verified)

ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုက ယခင် တစ်ပတ်တင်ပို့မှုထက် တန်ငါးဆယ်နီးပါးလျော့နည်းပြီး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို ၂၅ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၂၆ တန်ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုက ၅၁ တန်ရှိခဲ့ပါတယ်။ FOB ဈေးကတစ်တန်ကို ကန်ဒေါ်လာ ၃၅၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းက ကန်ဒေါ်လာ တစ်သောင်းခုနှစ် ထောင်ကျော်ဖြစ်တယ်လို့ သိရပါတယ်။                                       MIRT (DOT)