Main menu

Background

မူဆယ်နဲ့မြဝတီမှ သီဟိုဠ်စေ့ အပို့ရှိလာ

Fri, 09/28/2012 - 10:03 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်မှ ကန်ဒေါ်လာ သုညဒသမ ၃၅၀ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၄၆ တန်နဲ့  ကန်ဒေါ်လာ သုည ဒသမ ၀၆၇ သန်းတန်ဖိုးရှိ ၈ ဒသမ ၈၀၀ တန်ကို မြဝတီနယ်စပ်တို့မှ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၃၇ တန်ခန့်ပိုမိုခဲ့ပါတယ်။ ယခင်အပတ်က မြဝတီနယ်စပ်မှသာ ၁၈ တန်ခန့်အပို့ရှိခဲ့တာဖြစ်ပြီး ယခုအပတ် မှာ မြဝတီမှအပို့လျော့ခဲ့သော်လည်း မူဆယ်မှ ယခုအပတ်မှာအပို့ရှိလာတဲ့အတွက် သီဟိုဠ်စေ့အပို့ပိုရတာဖြစ် ပါတယ်။                                        MIRT(DOBT)