Main menu

Background

နနွင်းတန် ၆၀ မလေးရှားကိုတင်ပို့

Fri, 09/28/2012 - 10:06 -- Anonymous (not verified)

သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်နေ့တာကာလအတွင်း နနွင်းတန် ၆၀ ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ်နနွင်းတင်ပို့မှုက တန် တစ်ရာ့တစ်ဆယ်ကျော်ရှိခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့မှုကိုကြည့်ရင် တန်ခြောက်ဆယ် သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုမှာ တန် ငါးဆယ်နီးပါး လျော့နည်းခဲ့တာတွေ့ရပါတယ်။ FOB  ဈေးက တစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၅၅၀ ဝန်းကျင် ရရှိခဲ့တယ်လို့ သိရပါတယ်။                                                                                                        MIRT (DOT)