Main menu

Background

နနွင်းကုန်သည်များ အင်ဒရာပရာဒေ့ရှ်မှ နနွင်းပြောင်းလဲဝယ်ယူလာလို့ နနွင်းဈေးဆက်လက်လျော့ကျ

Fri, 09/28/2012 - 10:10 -- Anonymous (not verified)

နနွင်းကုန်သည်များက ဈေးအနိမ့်နဲ့အင်ဒရာပရာဒေ့ရှ် နနွင်းတွေကို ပြောင်းလဲဝယ်ယူလာတာကြောင့် အီရော့ နနွင်း ဈေးကွက်မှာ ရောင်းချနေတဲ့ ဟင်းခတ်အမွှေးအကြိုင်ဈေး ပိုမိုကျဆင်းလာပါတယ်။ တောင်သူတွေ ကလည်း နနွင်း ရောင်းချလိုတာကြောင့် အချို့လှောင်လက်များက တောင်သူ တွေရဲ့အခြေအနေကို အခွင့်ကောင်းယူကာ အမြောက်အမြား ဝယ်ယူပြီး အကျိုးအမြတ် ရယူနေကြပါတယ်။

နနွင်းဈေးကွက် ၄ ခုကို ဝင်ရောက်မှုတွေတိုးလာပြီး ဈေးနှုန်းမှာ ကျဆင်းလျက်ရှိပါတယ်။ တောင်သူတွေက ရောင်းချဖို့အသင့်ရှိနေပြီး၊ ဝယ်လက်များ ဈေးအနိမ့်နဲ့ အကန့် အသတ်သာ ဝယ်ယူနေကြပါတယ်။ နိုင်ငံမြောက်ပိုင်းမှ မှာယူမှု အသစ် မထွက်လာသေးဘူးလို့ အီရော့နနွင်း ကုန် သည်များ အသင်းဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာ မှ ဆိုပါတယ်။ နီဇမ်မာဘတ်နဲ့ အင်ဒရာပရာဒေ့ရှ်မှာ နနွင်းဈေးက အီရော့မှာပေါက်တဲ့ဈေးထက် နိမ့်နေတဲ့အတွက် နိုင်ငံ အထက်ပိုင်းမှကုန်သည်များကယင်းဈေးကွက်တွေမှသိုလှောင် ဝယ်ယူနေတယ်လို့ ၎င်း ကဆိုပါတယ်။ နနွင်း ၂ မျိုးလုံး တစ်တန် ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၃၆ ဒသမ ၅၅ ) ခန့် ကျဆင်းခဲ့ပါတယ်။ အီရော့နနွင်းကုန်သည်များ အသင်း ဈေးဝင်းမှာ နနွင်းလက်ချောင်းတစ်တန်ရူပီး ၃၄၉၆၀-၆၂၉၅၀ (ကန်ဒေါ်လာ ၆၃၉ -  ၁၁၅၀ ) ရှိပြီး၊ နနွင်း ဥဈေးက ရူပီး ၃၄၃၆၀-၅၆၆၄၀ (ကန်ဒေါ်လာ ၆၂၈ - ၁၀၃၅) ရှိကြောင်းသိရပါတယ်။ NCDEX ကြိုပွိုင့်ဈေးကွက်မှာ ဈေးကစားသူများ ကြောင့် ဈေးအနည်းငယ်တိုးလာခဲ့ပါတယ်။ အောက်တိုဘာ လပို့ရမယ့် နနွင်းဈေးက ၂ ဒသမ ၃၆ ရာခိုင်နှုန်းတိုးလာပြီး တစ်တန် ရူပီး ၆၀၀၀၀ (ကန်ဒေါ်လာ ၁၀၉၆) ရှိကြောင်း သိရပါတယ်။           ယမင်းခင်၊Source: Businessline