အိန္ဒိယကြက်သွန်နီ တင်ပို့သူများဟာ အေဂျင်စီများမှ တစ်ဆင့် တင်ပို့ခြင်းမဟုတ်ဘဲ တိုက်ရိုက်တင်ပို့နိုင် တော့မှာ ဖြစ်ပြီး၊ ယင်းတင်ပို့မှုကို ပြည်ပကုန်သွယ်ရေး ညွှန်ကြားရေးမှူး ချုပ်(DGFT)မှ စဉ်းစားသွားမယ်လို့ သိရပါတယ်။ လတ် တလောမှာ ကုန်များကို နိုင်ငံပိုင်ကုန်သွယ်ရေးအေဂျင်စီများ သို့မဟုတ်အေးဂျင့်များရဲ့ ထိန်းချုပ်မှုနဲ့အညီ ဆောင်ရွက်နေ ကြောင်း သိရပါတယ်။
OGL အရ ပြည်ပတင်ပို့တဲ့တိုင် အစိုးရက ပြည်ပပို့ကုန် ဈေးနှုန်းများ ထိန်းချုပ်မှုတွေ ဖယ်ရှားထားပြီး ဖြစ်ပါတယ်။ အေးဂျင့်များရဲ့ ထိန်းချုပ်မှုမပါဘဲ ပြည်ပတင်ပို့သူများဟာ ကြက်သွန်နီများတိုက်ရိုက်တင်ပို့နိုင်မှာ ဖြစ်ပြီး၊ DGFTကို စာရွက်စာတမ်းများ တင်ပြရမှာဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ် လက်ရှိအချိန်ထိ ကြက်သွန်နီ တန်ချိန် ၈ သိန်းဝန်းကျင်တင်ပို့ထားပြီးကြောင်း သိရပါတယ်။ မိုးရွာသွန်း မှု ပြန်ကောင်းလာတဲ့အတွက် ကြက်သွန်အထွက်တိုး အနည်း ငယ် ပြန်ပြီးအလားအလာရှိလာတဲ့ တစ်ချိန်တည်းမှာပဲ နိုင်ငံ တစ်ဝန်းက သိုလှောင်ရုံများစွာမှာ ကြက်သွန်နီပုပ်သိုးမှုတွေ တိုးလာတယ်လို့ သိရပါတယ်။ သြဂုတ်လကုန်ကတည်းကသိုလှောင်ထားတဲ့ ကြက်သွန် တွေ လက်ကားဈေးကွက်အတွင်း ဝင်ရောက်လာလို့ ဈေးနှုန်း ကျဆင်းလာခဲ့ပါတယ်။ ကြက်သွန်နီသိုလှောင်ထားတဲ့ ကုန်သည်များနဲ့ တောင်သူများဟာ ၎င်း းတို့ ကြက်သွန်များ ပျက်စီးမှာ စိုးရိမ်တာကြောင့် ၎င်း တို့ကုန်များ အလောတကြီး ထုတ်ရောင်းနေကြပါတယ်။ ကြက်သွန်နီ အသစ်များလည်း အင်ဒရာပရာဒေ့ရှ်နဲ့ ကာနာတာကာတို့မှ စတင်ဝင်ရောက် နေပြီ လို့ သိရပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံပိုင်ရောင်းဝယ်ရေး အေဂျင်စီ များမှ ပြည်ပတင်ပို့မှုမှာ ပါဝင်နေကြခြင်းအားဖြင့် လုပ်ထုံး လုပ်နည်း နှောင့်နှေးခြင်းအပြင် မလိုအပ်တဲ့ ကုန်ကျစရိတ် များကြောင်း ပြည်ပတင်ပို့သူများမှ တိုင်တန်းကြောင်း သိရ ပါတယ်။ နိုင်ငံတကာဈေးကွက်တွေမှာ ကြက်သွန်နီဈေးနှုန်း နိမ့်နေတဲ့အတွက် ယခုတင်ပို့ဖို့ အရေးပေါ် ဆောင်ရွက်နေပြီး၊ ပြည်တွင်းဈေးကွက်တွေမှာလည်း ဈေးနှုန်းကျဆင်းနေတယ်လို့ ကုန်သည်တစ်ဦးကဆိုပါတယ်။ယမင်းခင်Source: BusinessLine