Main menu

Background

ရေကြောင်းလမ်းမှ ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ငါးသောင်းကျော်တင်သွင်းလိုင် စင်လျှောက်

Fri, 09/28/2012 - 10:17 -- Anonymous (not verified)

ပင်လယ်ရေကြောင်းလမ်းမှ ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းရန်အတွက် လိုင်စင် လျှောက်ထားမှုမှာ စက်တင်ဘာ ၂ ရက်မှ ၈ ရက်အတွင်း ကုမ္ပဏီ ၁၀ခုမှ ဒီဇယ် ၅၀၅၉၁ တန်နဲ့ ဓာတ်ဆီတန်ချိန် ၅၀၀၀ အတွက် လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ဒီဇယ်တင်သွင်းရန် လိုင်စင်လျှောက် ထားမှုမရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်လိုင်စင်ပိုမိုလျှောက်ထားလာတာ တွေ့ရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးက  ခရီးသွားရာသီလည်း မဟုတ် သေးတာကြောင့် အရောင်းအဝယ်က ပုံမှန်အနေအထားမှာပဲ ရှိနေပြီး ရောင်းအား မတက်သေးဘူးလို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီနဲ့ အောက်တိန်း က ဈေးမပြောင်းပေမယ့် ဒီဇယ်ဈေးက ငါးဆယ်ကျပ်ဈေးမြင့်လာတာကို တွေ့ရပါ တယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းတွေက ဓာတ်ဆီတစ်ဂါလန် ၃၅၅၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၅၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၄၀၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။  ဒီတစ်ပတ်ပြင်ပဆိုင်ရဲ့ ရောင်းဈေးက ဒီဇယ်တစ်ဂါလန် ၃၈၀၀ ကျပ်ဖြစ်ပြီး ဓာတ်ဆီ တစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပါတယ်။မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေး ဒီဇယ်ဈေးမပြောင်းလဲသလို ပြင်ပဆိုင်များရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးကလည်း မပြောင်း ဘဲငြိမ်နေတယ်လို့ သိရပါတယ်။ ဒီလိုဈေးငြိမ်နေတာကလည်း စက်တင်ဘာ ၁၀ ရက်မှစပြီး ဈေးငြိမ်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဒီတစ်ပတ် ဈေးက ဓာတ်ဆီတစ်ဂါလန် ၃၇၀၀ ကျပ်နဲ့ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်ဖြစ်တယ် လို့ သိရပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီဈေးက တစ်ဂါလန် ၄၀၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ၃၈၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ တော့  ဒီဘက်မှာက ဆိုင်ကယ်အသုံးများလို့ အရောင်းအဝယ်ကပုံမှန်ဖြစ်တယ်။ အောက်တိန်းက ပုဂ္ဂလိကစက်သုံးဆိုင်မှာ တစ်ရာ ကျပ်ဈေးလျှော့လာတာကြောင့် ပြင်ပမှာလည်း ဈေးအနည်းငယ် ကျလာပြီး စက် သုံးဆီဆိုင်ရဲ့ ဈေးနှုန်းက ဓာတ်ဆီ တစ်ဂါလန် ၃၆၅၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ အောက်တိန်းတစ် ဂါလန် ၄၀၀၀ ကျပ်ဖြစ်ပြီး ပြင်ပဆိုင်ရဲ့ဈေးက ဓာတ်ဆီ၊ ဒီဇယ်နဲ့အောက်တိန်းဆီတွေကတော့ တစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်နေ ပေမဲ့ ဒီတစ်ပတ်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဒီဇယ်ဈေးမြင့်လာသလို ပြင်ပဆိုင်မှာ ဒီဇယ်ရော ဓာတ်ဆီပါဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီဇယ်ဈေးက ပုဂ္ဂလိက စက်သုံးဆီဆိုင်နဲ့ အပြင်ဆိုင်ဈေးကအတူတူပဲဖြစ်ပြီး ဓာတ်ဆီဈေးကတော့  သုံးရာ ကျပ်ဝန်းကျင်ကွာနေတာ တွေ့ရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးရဲ့ ဈေးနှုန်းက ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ်ဈေး ၄၀၀၀ ကျပ်နဲ့ အောက်တိန်း ၄၂၀၀ ကျပ်ဖြစ်ပြီး ပြင်ပဆိုင်မှာ ဓာတ်ဆီတစ်ဂါလန် ၄၁၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                                     MIRT(DOT)နယ်စပ်မှ ဓာတ်ဆီအသွင်းပိုစက်တင်ဘာ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းမှာ နယ်စပ်အလိုက် ဓာတ်ဆီတင်သွင်းမှုများမှာ တာချီလိတ် မှ ၅၅၄၄၀ ဂါလန်၊ မြိတ်မှ ၁၂၃၂၀ ဂါလန်၊ မူဆယ်မှ ၈၆၃၃ ဂါလန်နဲ့ မြဝတီ မှ ၆၁၆၀ ဂါလန်အသီးသီးဖြစ်ပါတယ်။ ယခုအပတ် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၉၅ သန်းတန်ဖိုးရှိ ဓာတ် ဆီ ၈၂၅၅၃ ဂါလန်ခန့် အသွင်းရှိခဲ့ပါ တယ်။ ဒီဇယ်ဆီ တင်သွင်းမှုမှာတော့ တာချီလိတ်မှ ၂၁၃၂၉ ဂါလန်နဲ့ မြဝတီ မှ ၂၁၀၀၀ ဂါလန်အသီးသီးဖြစ်ပြီး တန် ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၁၃၈ သန်း၊ ဂါလန်အားဖြင့် ၄၂၃၂၉ ဂါလန် တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။                                                                  MIRT(DOBT)