Main menu

Background

နှစ်ရက်အတွင်း တစ်သောင်းနီးပါး ထပ်တက်လာပြန်တဲ့ မြန်မာ့ရွှေဈေး

Fri, 09/28/2012 - 10:20 -- Anonymous (not verified)

ယခုတစ်ပတ်အတွင်း  မြန်မာ့ရွှေ ဈေးသည် တစ်ပတ်အတွင်း ကျပ်တစ် သောင်းနီးပါးအထိ  ထပ်မံမြင့်တက်ခဲ့ ကြောင်း သိရသည်။   မြန်မာ့ရွှေဈေး သည် ကမ္ဘာ့ရွှေဈေးကိုမှီ၍ ဈေးသတ် မှတ်ခြင်းဖြစ်ရာ ကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့်  မြန်မာ့ရွှေဈေးသည် လည်းမြင့်တက်လာခဲ့ရခြင်းဖြစ်ကြောင်း  ရွှေကုန်သည်များထံမှ သိရှိရသည်။

မြန်မာ့ရွှေဈေးကွက်သည်   ပြီးခဲ့ သည့်  ရက်သတ္တပတ်အတွင်းက ကျပ် ၇၆၈၄၀၀ ဖြင့် ဈေးပိတ်ခဲ့သော်လည်း ဈေးပြန်ဖွင့်ချိန် စက်တင်ဘာ ၁၀ ရက် တွင် ကျပ် ၇၈၂၅၀၀ ဖြင့် ဈေးဖွင့်ခဲ့ သည်။ ထိုရက်က ကမ္ဘာ့ရွှေဈေးသည် လည်း တစ်အောင်စလျင် ၁၆၉၆ဒေါ် လာမှ ၁၇၃၃ဒေါ်လာအထိ မြင့်တက်ခဲ့ သည်။ ထို့နောက် နေ့စဉ်ဆိုသလို ကမ္ဘာ့ ရွှေဈေးမြင့်တက်ခဲ့ရာ စက်တင်ဘာလ  ၁၄ ရက်တွင် ၁၇၇၂ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ မြန်မာ့ရွှေဈေးသည် လည်း အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ် ၇၈၈၅၀၀ သို့မြင့်တက်ခဲ့သည်။ " မြန်မာ့ရွှေဈေးမြင့်တက်ရတာ ကမ္ဘာ့ ရွှေဈေးကြောင့်ဆိုပေမယ့် အခုလိုနေ့စဉ် တက်နေတဲ့အတွက် ဒီနေ့ရွှေဈေးကွက် မှာ အရောင်းရောအဝယ်ပါ တန့်နေတဲ့ သဘောရှိတယ်။ အထည်သမားတွေက လည်း မဝယ်တော့ဘူး။ ဒုံးသမားတွေ ကလည်း ဈေးပြန်အကျကိုစောင့်ကြည့် နေကြတာ။ အဲဒီလိုစောင့်ကြည့်နေကြ တဲ့အတွက် ရွှေဈေးကွက်က ငြိမ်နေသ လို ထင်နေရပေမယ့် တကယ်တမ်း ထိုး ကျသွားပြီဆိုရင်တော့  ရွှေဈေးကွက် ပျက်သွားနိုင်တယ်။ ဒါပေမယ့် ပြန်ကျ ဖို့ အလားအလာက  နည်းပါတယ်။ ဒီတစ်ပတ် အစောပိုင်းက ပြန်ကျမယ့် အရိပ်အယောင်ပြနေပေမယ့် မနေ့ကနဲ့ ဒီနေ့မှာ တစ်ရက်ထဲကိုပဲ တစ်သောင်းနီး ပါးလောက်တက်လာတာ။ ဒီဈေးကွက် မှာတော့ ရွှေပြန်ရောင်းဖို့စောင့်နေကြ တဲ့သူတွေများတယ်" ဟု  ရွှေကုန်သည် တစ်ဦးက ဆိုသည်။     မယ်သီတာ