Main menu

Background

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း မြင့်မားနေသဖြင့် တရုတ်နိုင်ငံတွင် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများကို မြှင့်တင်

Fri, 09/28/2012 - 10:22 -- Anonymous (not verified)

ကမ္ဘာ့ဒုတိယမြောက် ရေနံစိမ်းသုံးစွဲ မှုအများဆုံး တရုတ်နိုင်ငံက တစ်လ နီးပါးကာလအတွင်း  ဒုတိယမြောက် အကြိမ်အဖြစ် ဓာတ်ဆီနဲ့ ဒီဇယ်ဈေး နှုန်းတွေကို မြှင့်တင်လိုက်တယ်လိ့ုသိရ တယ်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ မြင့် မားလာတဲ့အတွက် ရေနံချက်စက်ရုံများ အကျိုးအမြတ်ကျဆင်းမှုကို ထေမိစေဖို့ လောင်စာဆီဈေးနှုန်းတွေကို မြှင့်တင် ခြင်းဖြစ်ကြောင်း သိရတယ်။ ၂၀၁၂ ခုနှစ် ပထမခြောက်လအတွင်း တရုတ် နိုင်ငံရဲ့ အကြီးဆုံးဖြစ်တဲ့ ရေနံချက်စက်ရုံ PetroChina Co.,  အနေနဲ့ ဝင်ငွေ ၆ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ၎င်း  ကုမ္ပဏီရဲ့ ပထမခြောက်လစာ အစီရင် ခံစာမှာ ဖော်ပြထားတယ်။

စက်တင်ဘာ ၁၂ ရက်မှစပြီး ဓာတ် ဆီတစ်တန်အပေါ်ကို ၅၅၀ ယွမ် (၈၅ ဒသမ ၇၅ ဒေါ်လာ)နဲ့ ဒီဇယ် တစ်တန် အပေါ် ၅၄၀ ယွမ်စီမြှင့်တင်သွားမယ်လို့ တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက် မှုနဲ့ ပြန်လည်ပြုပြင်ရေးကော်မရှင် (NDRC) ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြ ထားတယ်။ဒါကြောင့် ဘေဂျင်းရှိ China III  မှ ရောင်းချတဲ့  90-RON (Research Octane Number 90)  ရဲ့ တစ်ဂါလန် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄ ဒသမ ၅၃ ဒေါ်လာ ဖြစ်လာတယ်လို့ သိရတယ်။ China III မှ ရောင်းချတဲ့ လောင်စာ ဆီတွေရဲ့ အရည်အသွေးမှာ Euro III (အီးယူအဖွဲ့ဝင်နိုင်ငံများမှာ ရောင်းချတဲ့ ယာဉ်အသစ်များမှ  မီးခိုးထုတ်လုပ်မှု ပမာဏ သတ်မှတ်မှုနဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတဲ့ ပိုမိုသန့်စင်တဲ့ လောင် စာဆီ)ရဲ့ အရည်အသွေးသတ်မှတ်ချက် နဲ့တူညီတယ်လို့သိရတယ်။ တရုတ်နိုင်ငံ မှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီဈေးနှုန်းတွေကို အစိုးရက ထိန်းချုပ်ထားတယ်။Source:Bloomberg.com၊ ပပ