ရေကြောင်းလမ်းမှ ဒွန်း၊ မာရီဂိုးနဲ့ အိုကေနို့ဆီ နို့စိမ်းများဝင်သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း နို့ဆီ ၇၁၄ ဒသမ ၀၄၂ တန်နဲ့ နို့စိမ်း ၂၃၇ ဒသမ ၆၁၉ တန်၊ စုစုပေါင်း ၉၅၁ ဒသမ ၆၆၁ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၁၀သိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ နို့ဆီတွေက အိုကေနို့ဆီ ၂၀၆ ဒသမ ၄၀ တန်၊ မာရီဂိုးနို့ဆီ ၁၃၁ ဒသမ ၁၅ တန်နဲ့ ဒွန်းနို့ဆီ ၃၇၆ ဒသမ ၄၉၂ တန်၊ နို့စိမ်းက ဒီတစ်ပတ်မှာ ဒွန်းနို့ စိမ်း ၂၃၇ ဒသမ ၆၁၉ တန် မှာယူတင် သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီ တင်းပတ်မှာ နို့ဆီနဲ့ နို့စိမ်းကို ၁၀ တန် ကျော်သာ တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီ နို့စိမ်း အဝင်ပိုခဲ့ တယ်လို့ ဆိုရပါမယ်။
နို့မှုန့်က ယခင်တစ်ပတ်မှာ အဝင် ပျောက်ခဲ့ပြီး ဒီတစ်ပတ်မှာတော့ မလေးရှားနိုင်ငံထုတ် နို့မှုန့် ၂၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုး သောင်းကျော်ဖိုးကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
နို့ဆီရော နို့စိမ်းပါ အသွင်းပိုပေမယ့် နို့မှုန့်အသွင်းမရှိမြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှ စက်တင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၀ ဒသမ ၁၄၈ သန်းဖိုးရှိ နို့စိမ်း ၁၄၈ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၄၃ သန်းတန်ဖိုးရှိ နို့ဆီ ၄၂ တန်ခန့် အသွင်း ရှိခဲ့ရာ ယခင်အပတ်ကထက် နို့စိမ်း ၆၃ တန်ခန့်နဲ့ နို့ဆီ ၂၄ တန်ခန့် အသွင်းပိုခဲ့ ပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ နို့မှုန့်တင်သွင်းမှုမရှိဘူးလို့ သတင်းရရှိ ပါတယ်။ နို့ဆီတစ်တာကို ကော့သောင်း မှာ ၂၆၈၀၀ ကျပ်နဲ့ နို့စိမ်းတစ်တာကို ၂၇၈၄၀ ကျပ် ဈေးပေါက်လျက်ရှိတယ် လို့ သိရပါတယ်။ MIRT (DOBT)
