Main menu

Background

အိန္ဒိယမုတ်သုံမိုးရွာသွန်းမှု တိုးတက်လို့ ပဲမျိုးစုံနဲ့ ပဲပုပ်ဈေးနှုန်း ကျဆင်း

Fri, 09/28/2012 - 10:32 -- Anonymous (not verified)

အိန္ဒိယ အလယ်ပိုင်းနဲ့ မဟာရပ် ရှ တရာ မှာ မိုးကောင်းကောင်း ရွာသွန်း နေပြီဖြစ်လို့ပြီးခဲ့တဲ့ သီတင်း ၂ ပတ် အတွင်း ပဲမျိုးစုံနဲ့ ပဲပုပ်ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ပါတယ်။ ရိတ် သိမ်းမှုကို စက်တင်ဘာလကုန်မှာ စတင် မှာ ဖြစ်ပါတယ်။ မုတ်သုံမိုး တိုးတက် လာ တာကြောင့် အိန္ဒိယနိုင်ငံရဲ့ သီးနှံတွေ အထွက်ကောင်းဖို့ အလားအလာ ပိုမိုလာ ခဲ့ပြီး၊ ဈေးကွက် အခြေအနေ အားပျော့ လာပြီး၊ ဈေးကျဆင်းဖို့ ဖြစ်လာတယ်လို့ Geojit  Comtrade ဒါရိုက်တာ CP  Krishman မှ ပြောကြားပါတယ်။

NCDEX  မှာ ပဲပုပ်ဈေးနှုန်းက ပြီး ခဲ့တဲ့ သီတင်း ၂ပတ်ထက် ၁၀ ရာခိုင်နှုန်း ခန့် လျော့ကျပြီး တစ်တန် ရူပီး ၃၇၈၇၀ (ကန်ဒေါ်လာ ၆၈၅)ဝန်းကျင်ရှိခဲ့ပါတယ်။ ပဲပုပ်စိုက်ပျိုးမှုစုစုပေါင်းဟာလည်း ဟက် တာ ၄ သိန်းတိုးပြီး၊ဟက်တာ ၁၀၆ ဒသမ ၉ သိန်းထိရှိခဲ့လို့ ဒီနှစ် ပဲပုပ်တန်ချိန် ၁၁၀-၁၁၅ သိန်းခန့်ထိ ထွက်ရှိမယ်လို့ အိန္ဒိယပဲပုပ်ပြုပြင်ထုတ်လုပ်သူများအသင်း မှ Rajesh  Agarwal  မှ ပြောကြားပါတယ်။ မိုးရွာသွန်းမှုက စားသုံးသူတွေ အတွက် ဝမ်းသာစရာဖြစ်လာပါတယ်။ ပဲအများစုဈေးနှုန်း ပြောင်းလဲလာခဲ့တယ် လို့ အိန္ဒိယပဲမျိုးစုံနဲ့ သီးနှံအသင်း ဒုတိယ ဥက္ကဌ Suresh  Aggarwal  မှ ပြော ကြားပါတယ်။ အိန္ဒိယ ကုလားပဲ ဈေးမှာ ပြီးခဲ့တဲ့ တစ်ပတ်က ရူပီး ၄၈၄၀၀ (ကန် ဒေါ်လာ၈၇၆)ရှိခဲ့ရာမှရူပီး ၄၆၉၄၀ (ကန် ဒေါ်လာ၈၅၀)ဈေးကို ကျဆင်းခဲ့ပါတယ်။ ကနေဒါမှ ၇၀ ရာခိုင်နှုန်းခန့် တင် သွင်းလာတဲ့ ပဲဝါလေးမှာလည်း လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ် အတွင်း သိသိ သာသာ ကျဆင်းခဲ့ပါတယ်။အလားတူ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံနဲ့ ကုလားပဲလို အခြားပဲဈေးတွေကလည်း လွန်ခဲ့တဲ့ ရက် အနည်းငယ် အတွင်း ဈေးပြောင်းလဲလာခဲ့ ပါတယ်။ ဈေးနှုန်းမြင့်တက်မှုက စားသုံး သူတွေ ဝယ်ယူမှုကို အဟန့်အတားဖြစ်စေ တယ်လို့ လှောင်လက်များနဲ့ ကုန်သည် များက ဆိုပါတယ်။ယမင်းခင်၊Source: business line