Main menu

Background

ယခုတစ်ပတ် နှမ်းတင်ပို့မှု ပြန်လျော့လာ

Fri, 09/28/2012 - 10:35 -- Anonymous (not verified)

ယခုတစ်ပတ်အတွင်း ပြည်ပကို နှမ်းတင်ပို့မှုက ပြန်လျော့လာတာ တွေ့ရပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၂၅၀ အထိ တိုးတက်တင်ပို့နိုင်ခဲ့ရာမှ စက်တင် ဘာလ ၈ ရက်အထိ နှမ်းတန်ချိန် ၃၃၆ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ပတ် မှာ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ တရုတ်ကို တင်ပို့ခြင်းဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် စက်တင်ဘာလ ၉ ရက်အထိ နှမ်းစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၆ သောင်းနီးပါးရှိပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၇ သန်းခန့်ရရှိထားရာ ယခင်နှစ် ကာလတူတင်ပို့ပြီးမှု တန်ချိန် ၃ သောင်းနီးပါး၊ကန်ဒေါ်လာ ၃၈ သန်း ခန့်ထက် ပမာဏရော တန်ဖိုးပါ ပိုမိုကြောင်း သိရပါတယ်။မြေပဲဆန်တင်ပို့မှု မှာ လည်း ယခုဘဏ္ဍာနှစ် စက်တင်ဘာလ ၉ ရက်အထိမှာ တန်ချိန် ၃၂၀၀၀ ကျော် တင်ပို့ထားပြီးကြောင်း သိရပါတယ်။                       MIRT - MAPT