Main menu

Background

နှမ်းရောင်စုံ တန် ၃၉၀၀ ကျော် မူဆယ်နဲ့ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းများမှ အပို့ရှိ

Fri, 09/28/2012 - 10:35 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၆ ဒသမ ၁၄၉ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၃၉၅၆ တန်ခန့်ကို စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းမှာ အပို့ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ ၆ ဒသမ ၀၅၈ သန်း တန်ဖိုးရှိ နှမ်းနက် ၁၈၅၃ တန်ခန့်၊ နှမ်းဖြူ ၁၈၀၇ တန်ခန့်၊ နှမ်းညို တန် ၂၄၀ ခန့်နဲ့ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၉၁ သန်းတန်ဖိုးရှိ နှမ်းနီ ၅၆ ဒသမ ၉၂၀ တန်ကို အပို့ရှိခဲ့ပါတယ်။

မိမိဘက် မြေပြင်ပေါက်ဈေးများသာ လျော့ သော်လည်း တစ်ဖက်နိုင်ငံရွှေလီဈေးမှာမူ ပြောင်းလဲမှု မရှိတာ ကို နှစ်နိုင်ငံ မြေ ပြင်ပေါက်ဈေးနှုန်းများအရ သိရပါတယ် - မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု           ယခင်       ပြောင်းလဲမှု       %       ယခု     ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ    ၁၁၀၅၆၄၁       ၁၁၀၇၈၇၃    ၂၂၃၂        ၀ .၂၀    ၁၂၉၈    ၁၂၉၈         -            -နှမ်းနက်    ၁၁၇၂၈၀၁    ၁၁၇၅၁၆၈    ၂၃၆၇         ၀ .၂၀    ၁၃၇၇    ၁၃၇၇         -            - MIRT (DOBT)