Main menu

Background

အမေရိကန် သီးနှံအစီရင်ခံစာအရ စားအုန်းဆီကြမ်းဈေးအမြင့်ဘက်ကို ရောက်ရှိ

Fri, 09/28/2012 - 10:38 -- Anonymous (not verified)

အမေရိကန်စိုက်ပျိုးရေးဌာန(USDA) မှ မကြာခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ ရင်းနှီးမြှုပ်နှံသူများ စားအုန်းဆီကို ပြောင်းလဲလာကြတဲ့အတွက် အစောပိုင်းရက် များက ဈေးနှုန်းလျော့ကျပြီး၊ စက်တင်ဘာလ ၁၃ ရက်မှာ မလေးရှားစားအုန်းဆီ ကြမ်း ကြိုပွိုင့်ဈေးနှုန်း ပိုမိုမြင့်တက်လာကြောင်း သိရပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ နိုဝင်ဘာလ အခြေခံစံနှုန်းစာချုပ်ဈေးက သုည ဒသမ ၄ ရာခိုင်နှုန်း ပိုမိုလာပြီး၊ တစ်တန်ရင်းဂစ် ၂၉၃၀ (ကန်ဒေါ်လာ ၉၆၂)ရှိကြောင်း သိရပါတယ်။

မလေးရှားနိုင်ငံမှာ စားအုန်းဆီသိုလှောင်မှု မြင့်တက်ခြင်းကြောင့် စားအုန်းဆီ ဈေး သေချာပေါက်ကျဆင်းစေခဲ့ပေမယ့် ကမ္ဘာ့ပဲပုပ်ထုတ်လုပ်မှု ထပ်မံလျော့ကျ မယ့် မျှော်လင့်ချက်တွေက ဈေးနှုန်းကို သက်ရောက်စေတယ်လို့ ကွာလာလမ်ပူ အခြေစိုက်ကုန်သည်တစ်ဦးက ဆိုပါတယ်။ MPOB  မှ ထုတ်ပြန်ချက်အရ မလေးရှား စားအုန်းဆီ လက်ကျန်စာရင်းမှာ ၁၁ လအတွင်း အမြင့်ဆုံးရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် Dow  Jones  မှ လေ့လာဆန်းစစ်သူမှ ခန့်မှန်းချက်အရ အမေရိကန်ပဲပုပ်အထွက်နှုန်းဟာ ယခင်လ ခန့်မှန်းထားတာထက် ၁ ဒသမ ၇ ရာခိုင်နှုန်းပိုမိုပြီး၊ တစ်ဧက ၃၅ ဒသမ ၅ ဘူရှယ်(တစ်ဧက သုည ဒသမ ၉၆ တန်)ထွက်မယ်လို့ ခန့်မှန်းထားပြန်ပါတယ်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ရဲ့ မကြာသေးခင်က စီးပွားရေးတိုးတက် စေရေးဆောင်ရွက်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောကြားချက်တွေအရ တရုတ်စီးပွား ရေးကောင်းမယ့် အလားအလာများကလည်း စားအုန်းဆီဈေး အတက် ဖက်ရောက် ဖို့ရှိနေတယ်လို့ စင်ကာပူအခြေစိုက် ကုန်သည်တစ်ဦးကဆိုပါတယ်။ နောက်နှစ် ဒုတိယ ၃ လအတွင်း တရုတ်နဲ့ အိန္ဒိယတို့ ဝယ်လိုအား ပြန်လည် တိုးတက် လာနိုင်တာကြောင့် စားအုန်းဆီကြမ်းဈေး တစ်တန် ရင်းဂစ် ၃၆၈၅ (ကန် ဒေါ်လာ ၁၂၀၀) အထိ ရှိလာနိုင်တယ်လို့ ယခုတစ်ပတ်အတွင်း  Morgan Stanley  မှ ခန့်မှန်းထားပါတယ်။ အိန္ဒိယရဲ့ စားဆီတင်သွင်းမှုမှာ စားအုန်းဆီကြမ်းတင်သွင်းမှုက အများဆုံး ပါဝင်ပြီး ၂၀၁၂-၁၃ မှာ ယခုနှစ် ထက် ၁၇ ရာခိုင်နှုန်းပိုမိုပြီး၊ တန်ချိန် ၆ ဒသမ ၃ သန်းအထိ ရောက်ရှိလိမ့်မယ်လို့ အိန္ဒိယဆီထုတ်လုပ်သူများအသင်း အမှု ဆောင်ဒါရိုက်တာ B.V  Mehta  မှ ပြောကြားပါတယ်။ လက်ငင်းဈေးကွက်မှာ စက်တင်ဘာလအတွက် သန့်စင်ပြီး စားအုန်းဆီဈေးက တစ်တန် ကန်ဒေါ်လာ ၉၆၀ ရှိပြီးချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးမှာ တစ်တန်ရင်းဂစ် ၂၇၈၀(ကန်ဒေါ်လာ ၉၁၂)ရှိကြောင်း သိရပါတယ်။ယုဇန၊Source: Reuters