ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ အဆွဲ ပါးနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက် ကိုဦးတည်နေကြောင်း သိရပါတယ်။ ဈေးကွက်မှာပဲဈေးက ကျနေသ လို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းတာကြောင့် အရောင်းအဝယ်ဖြစ်မှု ပမာဏကတော့ ယခင်အပတ်နဲ့စာရင် လျော့ကျသွားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ကျပ် ၅၄၃၀၀၀ မှ အမြင့်ဆုံး ကျပ်၅၆၀၀၀၀ အတွင်း တန် ၆၉၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ အလားတူ ပဲစင်းငုံနီ (RC) ကိုလည်း အိန္ဒိယအဆွဲအေးလို့ ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်တန်ကို အနိမ့်ဆုံး ၆၁၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၃၀၀၀၀ ကျပ်အတွင်း တန် ၄၆၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ ပဲဈေးမြင့်တဲ့အချိန်မှာ လှောင်လက်များ အရောင်းများပြီး အခုလိုဈေးတွေ တောက်လျှောက်ဆင်းလာတော့ ရောင်းသူကုန် သည်များက အရောင်းနည်းလာတယ်လို့ ဆိုပါတယ်။
Background