Main menu

Background

မကွေးဈေးကွက်မှာ ပဲစင်းငုံနီ၊ ပဲတီစိမ်းနဲ့ နှမ်းဈေးကျလာ

Fri, 09/28/2012 - 10:40 -- Anonymous (not verified)

မကွေးဈေးကွက်မှာ  ပဲစင်းငုံနီကို  ရန်ကုန်အဆွဲအေးလို့ အရောင်းအဝယ်ဖြစ်မှုပမာဏလည်း ယခင်အပတ်ထက်စာရင် လျော့ ကျသွားတယ်လို့ ဆိုပါတယ်။ ပဲဈေးကဆက်တိုက်ကျနေတော့ ငွေ ပေါ်လိုတဲ့ လှောင်လက်ကုန်သည် တချို့သာ ထုတ်ရောင်းမှုတွေရှိ လို့အရောင်းအဝယ်လေး နည်းနည်းပါးပါးသာ ရှိခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၈၅ ကျပ်(တစ်တန်ကို ၆၀၃၂၀၄ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကြားသာဖြစ်ခဲ့ တယ်လို့သိရပါတယ်။ ပဲတီစိမ်းကြီးကိုတော့ ရန်ကုန်-မန္တလေးဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၄၈  ကျပ်(တစ်တန်ကို ၅၈၀၅၄၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၅၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲ (ထိုင်ဝမ်)ကတော့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၅၈ ကျပ်(တစ် တန်ကို ၇၀၉၁၄၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၅၀ ခန့်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ နှမ်းမျိုးစုံကို မန္တလေး-ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်သမားများက ဝယ်အားပုံမှန်ရှိပေ မယ့် ရောင်းသူ ကုန်သည်များအရောင်းများတာကြောင့် ဈေးကွက်သဘောသဘာ၀ အရ ယခင်အပတ်နဲ့စာရင် ဈေးကျသွားတယ်လို့ သိရပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက နှမ်းနီတစ်ပိဿာ ၁၈၈၉ ကျပ်၊ နှမ်းဖြူ တစ် ပိဿာ ၂၀၈၉ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၄၂၃ ကျပ်၊ နှမ်းညိုတစ် ပိဿာ ၁၈၀၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၅၀၀၀ ခန့်ဖြစ် ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။