Main menu

Background

အောင်လံဈေးကွက်မှာ ကုလားပဲနဲ့ ပဲတီစိမ်း ပုံမှန်အရောင်းအဝယ်ဖြစ်

Fri, 09/28/2012 - 10:42 -- Anonymous (not verified)

အောင်လံဈေးကွက်မှာ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံခွဲစက် တွေက ဝယ်အားပုံမှန်ရှိသလို လှောင်လက်ကုန်သည်များကလည်း လက်ရှိပေါက်ဈေးကို ကြိုက်နှစ်သက်လို့ အရောင်းများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၆၀ ကျပ်(တစ် တန်ကို ၇၁၀၃၇၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပဲတီစိမ်းကြီးကတော့ ရန်ကုန်-မန္တလေးဝယ်လက် ကအရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကိုအနိမ့်ဆုံး ၇၀၀ ကျပ် (တစ်တန်ကို ၄၂၈၆၇၃ ကျပ်)မှ အမြင့်ဆုံး တစ်ပိဿာ ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးအတွင်း တစ်ရက်ကိုအိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။