Main menu

Background

ပြည်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးကျပြီး ကုလားပဲဈေးစွာ

Fri, 09/28/2012 - 10:52 -- Anonymous (not verified)

ပြည်ဈေးကွက်မှာ မတ်ပဲက ဈေးကွက်သို့ဝင်ရောက်မှုနည်း လာသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၁၅ ကျပ် (တစ်တန်ကို ၄၉၉၀၉၇ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီက ဈေး ကွက်သို့အဝင်မရှိဘဲ လက်ကျန်ပဲများကိုသာ ထုတ်ရောင်းနေပေမယ့် ရန်ကုန်ဝယ်လက်ကတော့ အဝယ်ပါးနေတယ်လို့ မြို့ခံကုန်သည်တစ် ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၀၀ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို ရခိုင်ဝယ် လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၁၁၄၀ ကျပ်(တစ်တန်ကို ၆၉၈၁၂၄ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။