Main menu

Background

မန္တလေးဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးကျပြီး ပဲတီစိမ်းဈေးမြင့်ကာ နှမ်းမျိုးစုံ ပုံမှန်အရောင်းအဝယ်ဖြစ်

Fri, 09/28/2012 - 11:00 -- Anonymous (not verified)

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲနဲ့ ပဲစင်းငုံနီကို ရန်ကုန် အဆွဲအေးတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာသလို အ ရောင်းအဝယ်ဖြစ်မှုပမာဏတွေလည်း  လျော့သွားတယ်လို့ ဆိုပါ တယ်။ မတ်ပဲကို ရန်ကုန်အဆွဲနည်းပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အား ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၆၅ ကျပ်(တစ်တန်ကို ၄၆၂၄၇၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကိုတော့ ရန်ကုန်ဝယ်လက်က အိန္ဒိယအဆွဲ အေးနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ် ပိဿာကို ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇၀၈၀ ကျပ်)ဈေးနဲ့နေ့စဉ်အိတ် ၅၀၀ မှ ၈၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်က အရောင်းအဝယ် အနည်းငယ်  ပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့်လာပြီး တစ်ပိဿာကို ၁၀၆၇ ကျပ်(တစ်တန်ကို ၆၅၃၄၂၀ ကျပ်) ဈေးနဲ့တစ်ရက်ကို အိတ် ၆၀၀ မှ ၈၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်) ကို ရန်ကုန်အဆွဲပုံမှန်ရှိသလို မြို့ခံပဲခွဲစက်များလည်း ဝယ်အားပုံမှန်ရှိလို့ ဈေးကွက်လည်း မြင့်လာခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာကို ၁၀၇၄ ကျပ်(တစ်တန်ကို ၆၅၇၇၀၆ ကျပ်)ကုလားပဲ(ထိုင်ဝမ်)တစ်ပိ ဿာကို ၁၁၂၀ ကျပ်(တစ်တန်ကို ၆၈၅၈၇၆ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ် ရက်ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်း ဆီကြိတ် လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များက လည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ နှမ်းကုန်သည်တစ်ဦး ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၂၀၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၇၇၈ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၁၅၅၆ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၂၂၂ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ် ရက်ကို အိတ် ၁၅၀၀ မှ ၁၈၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။