မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ ၁-၉-၂၀၁၂ ရက် နေ့မှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန FDA ရုံးစတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်ပေးမှုနဲ့ ပတ်သက်ပြီး ဌာနတာဝန်ခံ ဒေါက်တာ စပယ်ထက်ထက်ထူး အားမေးမြန်းခဲ့ရာ "သွင်းကုန်လိုင်စင်နဲ့တင်သွင်းမဲ့ စား သောက်ကုန်များအတွက် လိုအပ်တဲ့ ကျန်းမာရေးထောက်ခံ ချက် ထုတ်ပေးရန် ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။ အရင်က စားသောက်ကုန်ပစ္စည်းနမူနာနဲ့တကွ ရန်ကုန် (သို့မဟုတ်) နေပြည်တော်ကိုသွားရောက်စစ်ဆေးမှုခံယူ ထောက်ခံချက်ရ ယူခြင်းအစား ယခု မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ နမူနာလက်ခံပြီးဌာနမှ တာဝန်ယူ၍ ရန်ကုန်၊ နေပြည်တော် သို့ ပို့ဆောင်စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ စစ်ဆေးချက် Result ရရှိက မူဆယ်မှာပဲ တင်သွင်းခွင့် ထောက်ခံချက် လက် မှတ်ထုတ်ပေးမှာဖြစ်တယ်" လို့ပြောပြပါ တယ်။ လုပ်ငန်းရှင် များအနေနဲ့ ရန်ကုန်သို့သွားရောက်ရန် မလိုတော့တဲ့အတွက် ခရီးစရိတ်ကုန်ကျမှု သက်သာသွားကာ Transaction cost လျော့ကျသွားမှာဖြစ်ပါတယ်။ ထောက်ခံချက်ရဖို့အတွက် စစ်ဆေးချိန် ၇ ရက်မှ ၁၀ ရက်ခန့် စောင့်ဆိုင်းရန်တော့ လိုအပ်ပြီး မူဆယ်မှာတင် ထောက်ခံချက် အလွယ်တကူ ထုတ် ယူနိုင်ပြီဖြစ်ကြောင်း အသိပေးလိုက် ရပါတယ်။Source: မူဆယ်၊သောင်းနိုင်
Background