Main menu

Background

မူဆယ်နယ်စပ်မှ ယခုအပတ်ပရဆေးတင်ပို့မှု ပိုမိုဆောင်ရွက်နိုင်

Fri, 09/28/2012 - 11:09 -- Anonymous (not verified)

စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၅၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၀၈၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်က အပို့မရှိခဲ့တဲ့ တဆေး၊ မာလာဥခေါင်း၊ ကွမ်းသီးခွံ၊ ထန်းသီးဆံခြောက်၊ တောင်လုံးကျော်၊ ဆေးမြင်းခွာနဲ့ အုံတုံခေါက်တို့အပို့ရှိခဲ့သလို နနွင်းတက်၊ ဆီးဆံ၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ စကားပန်းပွင့်ခြောက်၊ ဂုံညင်းလုံးတို့ ယခင်အပတ်ထက် အပို့ပိုခဲ့ပါ တယ်။ ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ နနွင်းခေါင်း၊ ဒရင်ကောက် မြစ်၊ ချင်းခြောက်၊ ရွေးရွက်နဲ့ တောဂျင်းတို့ကတော့ ယခင်အပတ်ထက်အပို့လျော့ခဲ့ ပါတယ်။ တမူး နယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်းတန်ဖိုးရှိ တောင်လုံး ကျော် ၃ တန်၊ မင်သော် ၁ တန်နဲ့ ဟင်းရိုင်းဖြူ သုည ဒသမ ၁၀ တန်တင်သွင်းခဲ့ရာ တန်ဖိုးအားဖြင့် ယခင်အပတ်နဲ့အတူူတူပင်ဖြစ်ပြီး တောင်လုံးကျော်ရော မင်သော်ပါ ပမာဏအနည်းငယ်ပိုမို တင်သွင်းခဲ့ပြီး ယခု အပတ်မှာတော့ ကတ္တရာသင်္ချေ အသွင်းမရှိဘဲ ဟင်းရိုင်းဖြူ တင်သွင်းမှုရှိတာ ဖြစ်ပါတယ်။MIRT(DOBT)