Main menu

Background

တရုတ်နိုင်ငံ၏ ပြောင်းဝယ်လိုအား မြင့်မားနေမှုကြောင့် ၂၀၁၂ ဒုတိယနှစ်ဝက်တွင် ပြောင်းဈေးနှုန်း ပိုမိုမြင့်မားဖွယ်ရှိ

Fri, 09/28/2012 - 11:11 -- Anonymous (not verified)

ကမ္ဘာ့ပြောင်း စိုက်ပျိုးထုတ်လုပ်မှုအများဆုံး အမေရိကန်နိုင်ငံမှာ နှစ်ငါးဆယ် ကျော်ကာလအတွင်း အဆိုးဝါးဆုံးသော ပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံစားခဲ့ရတဲ့ အတွက် ပြောင်းစိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ခဲ့ပြီး သြဂုတ်လအတွင်း ပြောင်းဈေးနှုန်း တွေက မှတ်တမ်းတင်ဖွယ် မြင့်မားခဲ့တယ်။ သြဂုတ်လ ၁၀ ရက်က ချီကာဂိုကုန်သွယ်ရေးအသင်းမှာ ပြောင်းတစ်ဘွတ်ရှယ် ကို ၈ ဒသမ ၄၉ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၃၄၀ ဝန်းကျင်) အထိရောက် ရှိခဲ့တယ်။ယနေ့ စက်တင်ဘာ ၁၀ ရက်မှာ တစ်ဘွတ်ရှယ်ကို ၇ ဒသမ ၉၈၂၅ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၃၁၉ ဝန်းကျင်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြောင်းရိတ်သိမ်းရာသီနီးပြီဖြစ်လို့ အနည်းငယ်ဈေးကျတယ်လို့ သိရတယ်။

ပြောင်းဈေးနှုန်းတွေက စံချိန်တင်မြင့်မားနေသော်လည်း ကမ္ဘာ့ဒုတိယမြောက် ပြောင်းသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံရဲ့ ပြောင်းသုံးစွဲမှုမှာ အားကောင်းနေဆဲ ဖြစ် တယ်လို့သိရတယ်။တရုတ်နိုင်ငံက ၂၀၁၀ခုနှစ်မတိုင်မီက ပြောင်းတင်ပို့တဲ့နိုင်ငံ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းမှာ ပြည်တွင်းနေသူတွေက တစ်ဦးချင်းဝင်ငွေ မြင့်မားလာခြင်းကြောင့် အာဟာရကြွMuတဲ့ အစားအသောက်တွေဖြစ်တဲ့ ပြောင်း အပါအဝင် အသားငါးနဲ့ သီးနှံမျိုးစုံကို ဝယ်လိုအားမြင့်မားလာတယ်။ ဒါကြောင့် ပြောင်းကို တင်သွင်းရတဲ့နိုင်ငံဖြစ်လာခဲ့တယ်။ တိရစ္ဆာန်စာအတွက်လည်း ပြောင်းကို အသုံးပြုပြီး ပြောင်းလိုအပ်ချက် ပိုမိုမြင့်မားလာခဲ့တယ်။ ၂၀၁၁ အောက်တိုဘာလ ၁ ရက်မှာ စတင်ခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဈေးကွက် နှစ် ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံက ပြောင်းတန်ချိန် စုစုပေါင်း ၄ ဒသမ ၂ သန်းတင်သွင်းခဲ့ရတယ်။ နှစ်ကုန်ပိုင်းမှာတင်သွင်းမှုတန်ချိန်ပေါင်း ၅ သန်းဖြစ်လာ ဖွယ်ရှိတယ်လို့ ခန့်မှန်းထားတယ်။ ယခုနှစ်မှာ တရုတ်နိုင်ငံမှာလည်း ပြောင်းအထွက် နှုန်းကျနိုင်ရာ ပြောင်းတင်သွင်းမှုပိုမိုမြင့်မားကာ ၂၀၁၂ ဒုတိယနှစ်ဝက်မှာ ဈေးနှုန်း ပိုမို မြင့်မားလာဖွယ်ရှိတယ်လို့ သုံးသပ်ကြတယ်။ ၂၀၁၂- ၂၀၁၃ ဈေးကွက်နှစ်မှာတော့ တရုတ်နိုင်ငံက ပြောင်းတန်ချိန် ၇ သန်းအထိ တင်သွင်းနိုင်ဖွယ် ရှိတယ်လို့ ဈေးကွက်သုတေသီတွေက ခန့်မှန်းကြ တယ်။                     Source:businessweek.com၊ မောင်မောင်လွင်