Main menu

Background

အိန္ဒိယအစိုးရက အရေးပါတဲ့ လယ်ယာထွက်ကုန်များအပေါ် ပို့ကုန်သွင်းကုန်မူဝါဒ တည်ငြိမ်အောင် ဆောင်ရွက်

Fri, 09/28/2012 - 11:16 -- Anonymous (not verified)

လယ်ယာထွက်ကုန် ပို့ကုန်သွင်းကုန်မူဝါဒ မတည်ငြိမ် ခြင်းကို ကျော်လွန်စေဖို့ ကမ္ဘာ့ဈေးကွက်မှာ ပုံမှန်ပါဝင်သူ အဖြစ် အိန္ဒိယနိုင်ငံရပ်တည်နိုင်ရေး ပြည်ပတင်ပို့မှု ခွင့်ပြုတဲ့ အနိမ့်ဆုံးပမာဏကို စဉ်းစားနေကြောင်း သိရပါတယ်။ သကြား၊ ဂျုံနဲ့ ဆန်တို့လို အရေးပါတဲ့ လယ်ယာထွက်ကုန် ကုန်စည်တွေရဲ့ ပို့ကုန်သွင်းကုန်မူဝါဒတည်ငြိမ်ရေး နည်းဗျူ ဟာတစ်ခု ဆောင်ရွက်နေတယ်လို့ စားနပ်ရိက္ခာဝန်ကြီး ကေဗွီသောမတ်စ်မှ အိန္ဒိယရဲ့ (၄ ) ကြိမ်မြောက် သကြား ညီလာခံမှာ ပြောကြားပါတယ်။

တချို့နှစ်တွေမှာ ပြည်ပတင်ပို့မှုစတင်ပြီး ရုတ်တရက် ရပ်တန့်တာ မကောင်းပါဘူး။ ဂျုံ၊ ဆန်နဲ့သကြား တင်ပို့မှုကို ပမာဏတစ်ခုနဲ့ ခွင့်ပြုရေး စီးပွားကူးသန်းဝန်ကြီးနဲ့ ဆွေးနွေး နေတယ်လို့ ၎င်းင်းကဆိုပါတယ်။ ပြည်ပတင်ပို့မှု မူဝါဒ တည် ငြိမ်ခြင်းက တောင်သူရော လုပ်ငန်းအတွက်ပါ အထောက် အကူဖြစ်စေမယ်လို့ ၎င်း က ထပ်လောင်း ပြောကြားပါတယ်။ လက်ရှိ ဂျုံ၊ ဆန်နဲ့ သကြားတင်ပို့မှုမူဝါဒကို ဆက်ပြီး ဆောင် ရွက်သွားမယ်လို့လည်း ၎င်း က ဆိုပါတယ်။ ယခုနှစ် ဒီအချိန်ထိ သကြားတန်ချိန် ၃ ဒသမ ၁၅ သန်းတင်ပို့ထားပြီး၊ ဆန်နဲ့ ဂျုံကို ပြည်ပတင်ပို့ခွင့် ပြန်လည် ဖွင့်လှစ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလကစပြီး၊ ဂျုံတန် ချိန် ၂ ဒသမ ၅ သန်းခန့်နဲ့ ဘာစမာတီမဟုတ်တဲ့ ဆန်တန် ချိန် ၄ သန်းကျော် တင်ပို့ထားပြီးကြောင်း သိရပါတယ်။ သကြားနဲ့ပတ်သက်ပြီးကန့်ကတ်မှုဖယ်ရှားခြင်းနဲ့ ပတ်သက် လို့ မှန်ကန်တဲ့ စည်းမျဉ်းများ ထပ်မံပြုလုပ်ဖို့ လိုအပ်တယ်ဆို တာ သိရှိလာတယ်လို့ သောမတ်စ်မှဆိုပါတယ်။ သကြားကို ကန့်သတ်မှုဖယ်ရှားရေးနဲ့ ပတ်သက်လို့ Rangarajan ကော်မတီမှ ယင်းအစီရင်ခံစာကို အပြီးသတ်နေပြီး၊ မကြာ ခင် ဝန်ကြီးချုပ်ကို တင်ပြသွားမယ်လို့ ၎င်း က ဆိုပါတယ်။ သကြားကဏ္ဍကို အစိုးရက လုံးဝထိန်းချုပ်ထားတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ထုတ်လုပ်မှုမှ ပြည်တွင်းနဲ့ ကမ္ဘာ့ ဈေးကွက်များအတွင်း ဖြန့်ဝေခြင်းထိ ထိန်းချုပ်ထားကြောင်း သိရပါတယ်။ လာမယ့်နှစ် ထုတ်လုပ်မှုအနေနဲ့ ပြည်တွင်း စားသုံးမှု လိုအပ်ချက်ပြည့်မီဖို့ အလုံအလောက်ထုတ်လုပ် နိုင်ဖွယ်ရှိပြီး၊ ပိုလျှံတဲ့ ပမာဏအနည်းငယ်ကို တင်ပို့နိုင် လိမ့် မယ်လို့ သောမတ်စ်မှ ဆိုပါတယ်။ ဒါပေမယ့် ပြည်နယ် သကြားအဖွဲ့အစည်းများနဲ့ တိုင်ပင်ပြီး၊ ယခုလကုန်ပိုင်းမှာ ပထမအကြိမ် သကြားထွက်ရှိမှု ခန့်မှန်းချက်ကို အစိုးရက ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ Source: PTI