လာမည့် ပွင့်လင်းရာသီ၌ ရေပေါ်ကစားနည်းသစ် နှစ်မျိုး ချောင်းသာဇုန် စီစဉ်မည်

လာမည့်ပွင့်လင်းရာသီ၌ ချောင်းသာ ကမ်းခြေတွင် လာရောက်အပန်းဖြေကြ မည့်  ဧည့်သည်များအတွက် ရေပေါ် ကစားနည်းသစ် နှစ်မျိုးကို ချောင်းသာ ဇုန်မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းအဆိုပါဇုန်မှ တာဝန်ရှိသူတစ် ဦးက ဆိုသည်။ယင်းကစားနည်းသစ်  နှစ်မျိုးမှာ  Banana Boat နှင့် Petro Ski   ကစား နည်းတို့ဖြစ်ပြီး ယင်းကစားနည်းအတွက် ဘေးကင်းစေရန် အသက်ကယ်ဝန်ထမ်း တစ်ဦး အချိန်ပြည့် လိုက်ပါပေးသွား မည်ဖြစ်သည်။

ချောင်းသားကမ်းခြေသို့ ဧည့်သည် ဝင်ရောက်မှုကို သုံးသပ်လေ့လာ ကြည့် ပါက ယမန်နှစ်ထက် တိုးမြှင့်လာသည် ကိုတွေ့ရကြောင်း ယင်းပုဂ္ဂိုလ်မှ ဆက် လက်ပြောပြသည်။ ချောင်းသာကမ်း ခြေသို့ ၂၀၁၀  ခုနှစ်တွင် ပြည်တွင်း ပြည်ပ ဧည့်သည် ၇၈ ဒသမ ၆၆၆ ဦး ၂၀၁၁ တွင် ၁၀၅ ဒသမ ၃၉၄ ဦး ဝင် ရောက်ခဲ့ခြင်းကြောင့်  တစ်နှစ်ထက် တစ်နှစ် ၂၅ ရာခိုင်နှုန်းတိုးတက်လာ ကြောင်း စာရင်းများအရ သိရသည်။