Main menu

Background

အဝေးသင်တက္ကသိုလ်များအတွက် ကျောင်းဝင်ကြေး တိုးမြှင့်သတ်မှတ်

Fri, 09/28/2012 - 11:22 -- Anonymous (not verified)

အဝေးသင်တက္ကသိုလ် ပထမနှစ်အတွက် ပေးသွင်းရမည့်ငွေကြေးကို ယခင်နှစ်ထက် ကျပ်နှစ်ထောင် တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ပညာရေး ဝန်ကြီးဌာန တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့ကနေ စုံစမ်းသိရှိရပါ တယ်။မှတ်ပုံတင်ကြေး၊ ကျောင်းဝင်ကြေး တစ်နှစ်စာ သင်တန်းကြေး၊ သိပ္ပံဘာသာရပ်အတွက် ဓာတ်ခွဲခန်းကြေး၊ စာမေးပွဲကြေး၊ စာအုပ်ဖိုး စသည်ဖြင့် ယခုနှစ် အဝေးသင်တက္ကသိုလ် ကျောင်းသားတွေအနေနဲ့ ကျပ် ၁၃၉၀၀ လောက် ပေးသွင်းရမှာပါ။ အဝေးသင်တက္ကသိုလ် ပထမနှစ် စာသင်နှစ်အတွက် ပေးသွင်းရမယ့်ငွေကြေးကို ပညာရေးဝန်ကြီးဌာနက တိုးမြှင့်ကောက်ခံခဲ့ပေမယ့် တက္ကသိုလ် ဒီဂရီကောလိပ် ပထမနှစ်သင်တန်း အတွက်ကောက်ခံတဲ့ ပထမအရစ်ပေးသွင်းခြင်းကိုတော့ တိုးမြှင့်ထားခြင်း မရှိဘဲနဲ့ ယခင်နှစ်များအတိုင်း ၂၈၀၀ ကျပ်သာ ကောက်ခံမယ်လို့ သိရပါ တယ်။အဆိုပါ ကောက်ခံတဲ့ငွေကြေးကို ကျောင်းစတင်ဖွင့်တဲ့နေ့ကစလို့ အဝေးသင် ကျောင်းသားတွေအနေနဲ့ ၄၅ ရက်အတွင်း၊ အသက်မွေးဝမ်း ကျောင်း တက္ကသိုလ်ကောလိပ်၊ သိပ္ပံနှင့်ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ကောလိပ် တွေကတော့ စဖွင့်တဲ့နေ့ကနေ ၁၅ ရက်အတွင်း ပေးသွင်း ရမှာဖြစ်တယ် လို့ သိရှိရပါတယ်။