Main menu

Background

အိန္ဒိယမှာ စားနပ်ရိက္ခာသီးနှံ အထွက်ကျဆင်းဖွယ်ရှိခြင်းက ဈေးနှုန်းအမြင့်မှာ ဆက်ရှိနေစေဖို့ဖြစ်စေ

Fri, 09/28/2012 - 11:27 -- Anonymous (not verified)

စားသောက်ကုန်အတွက် ပိုမိုကုန်ကျနေပြီဖြစ်နေတဲ့ အိန္ဒိယ မိသားစုအသုံးစရိတ်ဟာ ယခုအခါ မိုးခေါင်မှုလျော့ပါးသက်သာလာ တဲ့တိုင် လယ်ယာထွက်ကုန်သီးနှံ အထွက်ကျဆင်းဖွယ်ရှိတာကြောင့် စားသောက်ကုန် ဈေးနှုန်းဆက်ပြီး၊ မြင့်တက်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ် လို့ သိရပါတယ်။ စက်တင်ဘာ ၁၂ ရက်အထိ မုတ်သုံမိုးရွာသွန်းမှုက ပျမ်းမျှ မိုးရွာသွန်းမှုအောက် ၈ ရာခိုင်နှုန်းသာ လျော့ကျတဲ့အထိ တိုးတက်လာပေမယ့် အိန္ဒိယပဲမျိုးစုံ၊ နှံစားသီးနံှနဲ့ သကြားကတော့ ပြီးခဲ့တဲ့နှစ် စံချိန်တင် ထွက်ရှိမှုပမာဏကနေ ကျဆင်းဖွယ်ရှိနေပါ တယ်။

လက်ရှိကာလ သီးနှံသိုလှောင်လက်ကျန်ပမာဏ ပေါများနေ တဲ့တိုင် မိုးမလုံလောက်တဲ့အပေါ် စိုးရိမ်မှုတွေကြောင့် ဈေးနှုန်းမြင့် တက်နေတယ်လို့ နိုင်ငံပိုင်ပြည်သူ့ဘဏ္ဍာရေးနှင့် မူဝါဒတက္ကသိုလ်မှ စီးပွားရေးပညာရှင် NR  Bhancnurthy  မှ ဆိုပါတယ်။ အိန္ဒိယနိုင်ငံ အနေနဲ့ ပဲမျိုးစုံနဲ့ စားဆီတင်သွင်းနေရပြီး၊ သကြားကတော့ ပြည်တွင်း ဝယ်လိုအား ဖြည့်ဆည်းနိုင်ပါတယ်။ သကြားထုတ်လုပ်သူများအဖွဲ့က ခန့်မှန်းရာမှာ သကြားထုတ်လုပ်မှုက အစောပိုင်း ခန့်မှန်းထားတဲ့ တန်ချိန် ၂၅ ဒသမ ၅ သန်းရှိရာမှ တန်ချိန် ၂၄ ဒသမ ၅ သန်းကို လျော့ကျခန့်မှန်းထားပါတယ်။မိုးရွာသွန်းမှုက နိုင်ငံရဲ့ ၇၁ ရာခိုင်နှုန်းခန့်ဟာ ပုံမှန်ရရှိနေပေ မယ့် မိုးသီးနှံစိုက်ပျိုးမှုက ဟက်တာ ၉ သိန်းခန့် နောက်ကျကျန်နေ ဆဲဖြစ်တယ်လို့ စိုက်ပျိုးရေးဝန်ကြီး ရှရတ်ပါဝါမှ ပြောကြားပါတယ်။ မိုးရေချိန်တိုင်းတာတဲ့ ဒေသ ၃၆ ခုရဲ့ အုပ်စုတွေကြားမှာ မိုးပုံမှန်ရရှိ တဲ့ဒေသနှစ်ခုရှိပြီး၊ မိုးပိုလျှံရရှိတဲ့ ဒေသနှစ်ခုနဲ့ မိုးပါးတဲ့ဒေသ ၁၂ ခုရှိတယ်လို့ ပါဝါမှ ပြောကြားပါတယ်။ မိုးပုံမှန်ရရှိတဲ့ ခရိုင်များစွာ မှာ မိုးခေါင်တဲ့ အချို့လဲရှိတယ်လို့ ၎င်း ကဆိုပါတယ်။မိုးနည်းပါးခြင်းက နှံစားသီးနံှနဲ့ ပဲမျိုးစုံအထွက်ကျဆင်းဖွယ် ရှိတယ်လို့ ပါဝါကဆိုပါတယ်။ ဆန်စပါး စိုက်တဲ့ဒေသမှာ မိုးပုံမှန် ရပေမယ့် အချိန်မှန်ရွာသွန်းမှုမရှိလို့ ထုတ်လုပ်ကျဆင်းနိုင်တယ်လို့ ၎င်းင်းကဆိုပါတယ်။ အိန္ဒိယလူမျိုးသုံးပုံနှစ်ပုံဟာ လယ်ယာလုပ်ငန်းမှ ဝင်ငွေအပေါ် မူတည်တာကြောင့် မုတ်သုံမိုးက အိန္ဒိယအတွက် အရေးပါပြီး လယ်မြေရဲ့ ၆၀ ရာခိုင်နှုန်းမှာ ရေသွင်းစနစ်မရှိဘူးလို့ ဆိုပါတယ်။သောက်ရေ၊ ရေအားလျှပ်စစ်နဲ့ ရေသွင်းဖို့ အဓိကကျတဲ့ နိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ ရေလှောင်ကန် ၈၄ လုံးကိုလည်း ဖြည့်ဆည်းရ ပါတယ်။ အဲဒီရေလှောင်ကန်ထဲမှာ ရေပမာဏဟာ ပျမ်းမျှအောက် နည်းခြင်းဟာ သောက်ရေရရှိမှုနည်းလျော့ကျတယ်လို့ ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ်ဟာ ရေရရှိမှု ၅၂ ရာခိုင်နှုန်းကျဆင်းပြီး၊ အဆိုးဝါး ဆုံးနဲ့ ရင်ဆိုင်နေရပြီး အဲဒီနောက်မှာ ကီရာလာက ရေလှောင်ကန် ရေပမာဏ ၄၂ ရာခိုင်နှုန်းခန့် လျော့ကျနေတယ်လို့ သိရပါတယ်။ယမင်းခင်Source: business line