Main menu

Background

ကားအရောင်းအဝယ် အေးနေသော်လည်း ယာဉ်ဟောင်းအပ်နှံစလစ်များ ဈေးမာနေဆဲဖြစ်

Fri, 09/28/2012 - 11:30 -- Anonymous (not verified)

ယခုတစ်ပတ်ကားဈေးကွက်အတွင်း ကားအရောင်းအဝယ် အေးနေ ကာ အပ်ကားများ အပ်နှံထပ်မံလက်ခံနေပြီဖြစ်သော်လည်း စလစ်ဈေးတန်း ထင်သလောက် မကျသေးကြောင်း သိရသည်။

'ဗ'အက္ခရာမှစ၍ နောင်လာမည့်အက္ခရာများမှာ ယခင်အက္ခရာများ ထက် အခွန် ၂၀ ရာခိုင်နှုန်း သက်သာသဖြင့် ယခင်အပတ်က စလစ်ဈေး ဖြင့် မတိမ်းမယိမ်းရှိသဖြင့် အဝယ်လိုက်သော်လည်း ယခုတစ်ပတ်တွင်မူ ရာခိုင်နှုန်း ကွာခြားချက်အတိုင်း ဈေးတက်ရောင်းလာသဖြင့် ကျပ် ၈၃ သိန်း ခန့်ရှိကာ အဝယ်မှာလည်း နည်းလာကြောင်း သိရသည်။ အပ်ကားများထဲတွင် အပ်နှံအက္ခရာဝေးသေးသည့် အပ်ကားများကြိုက် ရောင်း၊ ကြိုက်ဝယ်ဖြင့်  အရောင်းအဝယ်လုပ်ကြပြီး ဝယ်ယူသူများမှာ အများ အားဖြင့် ကြားကာလတစ်ခု တက္ကစီဆွဲမည့်သူများသာဖြစ်ကြောင်း သိရ သည်။ အက္ခရာ (ဘ၊လ၊သ၊အ) စသည်တို့မှာ ကားရုပ်ခံကို လိုက်၍ ၆၅ သိန်းမှ ၇၀ သိန်းဝန်းကျင်ထိရောင်းချကြကြောင်း၊ ထိုထဲတွင် မပါဝင်သော် လည်း အနည်းငယ်အဝယ်ရှိနေသည်မှာ အက္ခရာ ၄ခ/၅ခ ယခင် ဦးပိုင် သွင်း ဗင်များ၊ ဆလွန်းများ ၉၂ ဝန်းကျင်ကားများဖြစ်ပြီး ရုပ်ခံ သန့်ပြန့် ကောင်းမွန်ပါက ကျပ်သိန်း ၁၀၀ ဝန်းကျင်ဖြင့် အိမ်စီးနှင့် တစ်လက်ကိုင် တက္ကစီသမားများဝယ်ယူကြောင်း သိရသည်။ ယခုအခါ ရာသက်ပန်အငှားယာဉ်ဟုခေါ်နေသည့် အေအေနံပါတ်ရ တက္ကစီ ကားသီးသန့်များမှာ ကားအရောင်းစင်တာ  အတော်များများတွင် တင်သွင်းရောင်းချလာကြပြီး ယခင်လလယ်ခန့်မှစ၍ ပြည်ပလေလံဈေးမြင့် လာမှုကြောင့် ကျပ်သိန်း ၁၃၀ မှ ကျပ်သိန်း ၁၅၀ ဝန်းကျင်ထိ ရောင်းချလာ ကြပြီး ထင်သလောက်အဝယ်မရှိကြောင်း၊ အငှားယာဉ်အုပ်စုထဲတွင် CNG ပြောင်းအပြီး အစီး ကျပ်သိန်း ၂၀၀ ဝန်းကျင် ၉၇/ ၉၈ ထုတ်ဗင်များသာ အနည်းငယ်အဝယ်ရှိကြောင်း၊ လတ်တလော ဦးပိုင်မှ နာမည်ပေါက် ယာဉ် မောင်းများအား ရောင်းချပေးနေသည့် စီအန်ဂျီသုံးဗင်ယာဉ်ဟောင်း ဈေး ကွက်မှာ ကျပ်သိန်း ၁၇၀ ဝန်းကျင်ခန့်ရှိပြီး ကားဟောင်းများသာဖြစ်သဖြင့် ယခင်ကဲ့သို့ ဈေးကွက်မရှိလှဘဲ အဝယ်နည်းနေကြောင်း အပေါ်ဝိုင်းဝါရင့် အကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။                      SN