Main menu

Background

ကားပါမစ်ကိုင်ထားပြီး ကားတင်သွင်းမှု မပြုလုပ်

Fri, 09/28/2012 - 11:30 -- Anonymous (not verified)

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ် ငန်းရှင်များအား ကားတင်သွင်းခွင့်ပြုခဲ့ သော်လည်းတွက်ခြေမကိုက်ခြင်းကြောင့် ပါမစ်ကိုင်ထားပြီး၊ မော်တော်ယာဉ် တင်သွင်းမှုမရှိကြောင်း သိရပါတယ်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းရှင်များ    ကားတင်သွင်းရာမှာ စည်းကမ်းချက်များ   များပြားခြင်း ကြောင့် တွက်ခြေမကိုက်လို့ ကားတင် သွင်းမှု မပြုလုပ်ခြင်းဖြစ်ကြောင်း သိရ ပါတယ်။ဟိုတယ်နှင့်  ခရီးသွားလာရေးလုပ် ငန်းရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ က "ဟိုတယ်လုပ်ငန်းရှင်တွေအတွက် ကားတင်သွင်းရာမှာ  စည်းကမ်းချက် တွေက  အရမ်းများတယ်။ စည်းကမ်း ချက်တွေ ပြေလျှော့ပေးဖို့ အဆိုပြုလွှာ တင်မယ်။ စည်းကမ်းချက်တွေက ဘဏ် မှာ ဒေါ်လာ ၅၀၀၀၀ လက်ကျန်ငွေစာ ရင်း(Account)ရှိတဲ့သူဆိုရင် လျှောက် ထားရင်ပါမစ်ရတယ်။ ကားသွင်းရာမှာ  2007 မော်ဒယ်  သတ်မှတ်ပေးထား တော့ အခုနောက်ပိုင်းမှာ မော်ဒယ် မြင့်ကားတွေက  ဆက်တိုက်သွင်းလာ တော့ တွက်ခြေမကိုက်တော့ဘူး။ ဟို တယ်ပိုင်ရှင်က ကားရအောင် လုပ်နေ တဲ့အချိန်မှာ ဟိုတယ်အတွက် တင်သွင်း တဲ့ကားက  ဟိုတယ်အမည်နဲ့ဆိုတော့ အဆင်မပြေဘူး။ ပြန်ရောင်းလို့လဲ မရ ဘူးပေါ့" လို့ ပြောပါတယ်။ဟိုတယ်များအတွက် ကားတင်သွင်း ရာမှာ အဆင်မပြေခြင်းကြောင့် အဆို ပြုလွှာတင်ပြီး၊ 2007 မော်ဒယ်အစား မိမိကြိုက်နှစ်သက်ရာ မော်ဒယ်တင် သွင်းခွင့်နဲ့ ဟိုတယ်အမည်ပေါက်အစား ငွေသွင်းသူအမည်နဲ့ရရှိဖို့ တင်ပြသွား မှာဖြစ်ကြောင်း သိရပါတယ်။ဇူးဇူး