မူဆယ်-မန်း ကုန်တင်ပို့ရာမှာ ယခုရက်ပိုင်း ကုန်ရရှိမှုနည်းခြင်းကြောင့် ကုန်တင်ဆောင်ခ ကျဆင်းလာကြောင်း၊ စက်တင်ဘာ ၁၁ ရက်မှာ အတက်ကုန်ဈေးတစ်ပိဿာ ၃၂ ကျပ်ထိကျဆင်းလာရာ အနိမ့်ဆုံးဈေးကို ကျဆင်းလာကြောင်း၊ အဆင်းကုန် ဈေးနှုန်းမှာ တစ်ပိဿာကို ၃၅ ကျပ်ကို ကျဆင်းလာကြောင်း သိရပါတယ်။
စိန်ထိပ်တန်း ကုန်စည်ပို့ဆောင်ရေး ဂိတ်ပိုင်ရှင်က"အတွဲကား ၂၂ ဘီးဆို ၃၂ ကျပ်ထိကျတယ်။ ကုန်ပို့ခသာကျတာ စရိတ်က မကျဘူး။ ဆီဈေးက ၂ သိန်းနားကပ်နေပြီ။ ပျက်တဲ့ပစ္စည်းကလည်း ဈေးမကျဘူး။ ဝယ်ထည့်ရတဲ့ ကားပစ္စည်းဈေးကမကျတော့ ကားပိုင်ရှင် အကြပ်ရိုက်တာပေါ့။ တချို့ဆို ရပ်ထားရတယ်။ အတက်ကုန်လည်းရှားသလို အပေါ်မှာ အရောင်းအဝယ်လည်း တန့်နေတယ်" လို့ ပြောပါတယ်။မန္တလေးမှ မူဆယ် ၁၀၅ မိုင်ကို ဆန်အဓိကထားတင်ပို့မှုရှိပြီး၊ ယခုရက်ပိုင်း အောက်မှာဖြစ်ပေါ်နေတဲ့ ဆန်ဈေးနှုန်းနဲ့ အပေါ်မှာရရှိတဲ့ ဈေးမမျှခြင်းကြောင့် တင်ပို့မှုလျော့ကျလာကြောင်း၊ ပြောင်းတင်ပို့မှုစတင်လာကြောင်း၊ ပရဆေးနဲ့ အခြားကုန် များ ရာသီအလိုက် ပုံမှန်တင်ပို့မှုရှိကြောင်း၊ အဆင်းကုန်များမှာ မြေဆီအဓိကဝင်လျက်ရှိ ကြောင်းသိရပါတယ်။အဆိုပါလမ်းပိုင်းမှ ယာဉ်မောင်းတစ်ဦးက "၁၀ ဘီးနဲ့ ၁၂ ဘီးယာဉ်က ခါလီဝိတ်ချိန် အတူတူပေမယ့် တင်ဆောင်သတ် မှတ်တန်ချိန်က ၁၀ ဘီးဆို ၂၁ တန်၊ ၁၂ ဘီးက ၂၅ တန် သတ်မှတ်ထားတော့ အတက်အဆင်းဆို ၈ တန်ကွာဟနေတယ်။ ခါလီဝိတ်၊ အခွန်ကုန်ကျစရိတ်တူနေတော့ ၁၀ ဘီးယာဉ်ကအဆင်မပြေဘူး၊ ၁၀ဘီးကို ၁၂ ဘီးတွဲ တရားဝင်တွဲခွင့်ပြုဖို့ ကားသမားတိုင်း မျှော်လင့်ကြပါတယ်" လို့ ပြောပါတယ်။ ဇူးဇူး