Main menu

Background

စားသုံးသူများ အန္တရာယ်မဖြစ်စေရန် ရည်ရွယ်၍ စားသုံးသီးနှံ ဟင်းသီးဟင်းရွက်များနဲ့ ပန်းမန်များ ပူးတွဲမတင်ပို့စေရေး ညှိနှိုင်းဆွေးနွေး

Mon, 10/01/2012 - 04:09 -- Anonymous (not verified)

ရှမ်းပြည်နယ် ဟဲဟိုးဒေသဟာ ဂန္ဓမာပန်းများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချရာ ဒေသတစ်ခုဖြစ်သလို စားသုံးသီးနှံများဖြစ်တဲ့ ဂေါ်ဖီထုပ်၊ အာလူး၊ စူကာသီး (ဂေါ်ရခါးသီး) ရွှေပဲသီးများလည်း စိုက်ပျိုးထုတ်လုပ်တင် ပို့ရာ ဒေသဖြစ်ပါတယ်။ ဒေသထွက်ကုန် ဟင်းသီးဟင်းရွက်များ သယ်ယူပို့ဆောင်တဲ့ မော်တော်ယာဉ်ကြီးများမှ အပြင်ဝင်ငွေရရှိဖို့ ဂန္ဓမာပန်းများပူးတွဲတင်ပို့လာတာကို တွေ့ရခြင်းကြောင့် စားသုံးသီးနှံနဲ့ ပန်းများပူးတွဲ တင်ပို့ခြင်းကြောင့် စားသုံးသူများ အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှာ သြဂုတ် ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဂန္ဓာပန်းများဟာ ဈေးကွက်ကို မတင်ပို့မီအချိန်ထိ ပိုးသတ်ဆေးများ သုံးစွဲရကြောင်း၊ ဒီလိုပိုးသတ်ဆေးများ သုံးစွဲထားတဲ့ ပန်းများမှာ စားသုံးသီးနှံမဟုတ်လို့ အန္တရာယ်မရှိပေမယ့် ဂေါ်ဖီထုပ်၊ အာလူးတင်တဲ့ ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်လေအိတ်ကားကြီးများက အပိုဝင်ငွေရရှိဖို့ရည်ရွယ်ပြီး ပန်းပုံးအနည်းငယ်စီ တင်ဆောင်ခြင်းဟာ အန္တရာယ်ရှိနိုင်ကြောင်း ပန်းမန်အစုအဖွဲ့ဥက္ကဋ္ဌ(ဟဲဟိုးဇုန်)မှ ဦးမိုးကင်းက ဆွေးနွေးေြ ပာကြားပါတယ်။ ထို့နောက် ဆွေးနွေးပွဲကို တက်ရောက်လာ သူများမှလည်း ပိုးသတ်ဆေးသုံးစွဲမှုများလွန်းတဲ့ ပန်းများနဲ့ စားသုံးသီးနှံများပူးတွဲ မတင်ပို့သင့်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်ကုန်သည်ကြီးများအသင်း၊ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအသင်းများ ဌာနများမှလည်း ကုန်သီးခြားစီတင်ပို့ဖို့ စိစစ်ကြပ်မတ်သွားရေးဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးပွဲကို ရှမ်းပြည်နယ်ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု၊ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပန်းမန်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (ဟဲဟိုးဇုန်)ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ ပြည်နယ်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ လယ်ယာထွက်ကုန်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အောင်ကျော်