Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Mon, 10/01/2012 - 04:13 -- Anonymous (not verified)

ဝါရှင်တန် ၂၀၁၂ ခုနှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်းလျှော့ချခန့်မှန်းထားတဲ့ အတွက် ကာလရှည် ချေးငွေအတိုး နှုန်းများကို လျှော့ချဖို့ရည်မှန်းပြီး ဒေါ်လာ ဘီလီယံ ၄၀ တစ်လ သက် တမ်းကြာ ဘွန်းစာချုပ် အစီအစဉ်ကို စက်တင်ဘာ ၁၃ ရက်နေ့က အမေရိ ကန် ဗဟိုဘဏ်က  ကြေညာခဲ့ပါ တယ်။ ငွေကြေးမူဝါဒ ဖြေလျှော့ရေး အစီအစဉ်များကိုလည်း ဆက်လက် ဆောင်ရွက်မဲ့ သဘောလက္ခဏာ ကို ပြသလာပါတယ်။ Source:AFP

 
ဖရန့်ဖတ် သူ့ရဲ့ ယူရိုဇုန်နိုင်ငံများမှ ဘွန်း စာချုပ်များကို ဝယ်ယူရေး အစီအစဉ် ကြောင့် ဈေးကွက် တည်ငြိမ်မှုကို ရရှိ လာပြီဖြစ်ကြောင်း ယူရိုတန်ဖိုး ပြိုကွဲ နိုင်တော့မည်  မဟုတ်ကြောင်း စက် တင်ဘာ ၁၄ ရက်မှာ ဥရောပ ဗဟို ဘဏ် ဥက္ကဌ ဒရပ်ဂီက ပြောကြား ပါတယ်။ ရန်ပုံငွေမန်နေဂျာတွေ ဥရောပကို ပြန်လာပြီဖြစ်တဲ့အတွက် ယူရိုဇုန်နယ်မြေ စီးပွားရေးအတွက် ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။    Source:AFP
တိုကျို ဥရောပရဲ့ မပြီးဆုံးနိုင်သေးတဲ့ ကြွေးမြီအကျပ်အတည်း၊ တိုးတက်မှု နှေးကွေးနေတဲ့ တရုတ်နိုင်ငံရဲ့ စီးပွား ရေး၊ မြင့်တက်နေတဲ့ ယန်းတန်ဖိုးတို့ ကြောင့် အလူးအလဲ ရုန်းကန်နေရ တဲ့အတွက် ပို့ကုန်ကို အားထားနေရ တဲ့ ဂျပန် စီးပွားရေးက ၂၀၁၂ ခုနှစ် ကျန်ကာလတွေမှာ တိုးတက်မှုနှုန်း တန့်နေမှာ ဖြစ်ကြောင်း ရိုက်တာရဲ့ စစ်တမ်းအရ စက်တင်ဘာ ၁၄ ရက် က သိရပါတယ်။ Source:reuters.com
ဟိုချီမင်းစီတီ
ဗီယက်နမ် ဓာတ်မြေသြဇာကုမ္ပဏီ တွေက ပို့ကုန်တိုးမြှင့်ခြင်းနဲ့ သွင်းကုန် တွေအပေါ် မှီခိုနေရတာကို လျှော့ချ ခြင်းဖြင့် ဈေးကွက်နေရာကို ထိန်း ထားဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ ယခု နှစ် ပထမရှစ်လမှာ ဓာတ်မြေသြဇာ တန် ၂ ဒသမ ၅သန်း တင်သွင်းခဲ့တဲ့ အတွက် ယခင်နှစ် အလားတူကာလ နဲ့ နှိုင်းယှဉ်ရင် ၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ Source:VNS.com