Main menu

Background

အိန္ဒိယနိုင်ငံရဲ့ ဆိုက်ရောက်ဗီဇာထုတ်ပေးမှု ၂၅ ရာခိုင်နှုန်းကျော်မြင့်တက်

Mon, 10/01/2012 - 04:24 -- Anonymous (not verified)

၂၀၁၂ ခုနှစ် ဇန်နဝါရီ-သြဂုတ်လ ကာလအတွင်း အိန္ဒိယနိုင်ငံက ဆိုက် ရောက်ဗီဇာ ထုတ်ပေးသူဦးရေ ၉၄၁၂ ဦးရှိတဲ့အတွက် ၂၀၁၁ ခုနှစ်အလားတူ ကာလက ထုတ်ပေးခဲ့တဲ့ ၇၅၁၄ ဦးနဲ့ နှိုင်းယှဉ်ရင် ၂၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်သြဂုတ်မှာ ထုတ်ပေး တဲ့ ဆိုက်ရောက်ဗီဇာက ၁၇၅၀ ဦးရှိပြီး ၂၀၁၁ ခုနှစ် သြဂုတ်က ထုတ်ပေးခဲ့တဲ့ ၉၂၀ ဦးနဲ့ နှိုင်းယှဉ်ရင် ၉၀ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ပါတယ်။၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း နိုင်ငံ ၁၁ နိုင်ငံ မှ ဆိုက်ရောက်ဗီဇာထုတ်ပေးသူ ဦးရေ က ဂျပန် ၆၉၃ ဦး၊ ဖိလစ်ပိုင် ၃၄၉ ဦး၊ အင်ဒိုနီးရှား ၂၅၅ ဦး၊ နယူးဇီလန် ၂၀၁ ဦး၊ စင်ကာပူ ၁၆၂ ဦး၊ ဖင်လန် ၄၂ ဦး၊ ဗီယက်နမ် ၂၀ ဦး၊လူဇင်ဘတ် ၁၀ ဦး၊ ကနေဒါ ၁၀ ဦးနဲ့ မြန်မာ ၈ ဦး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီမှ သြဂုတ် အတွင်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ သူ ဦးရေက ဂျပန် ၂၅၆၄၊နယူးဇီလန် ၁၇၈၉၊ အင်ဒိုနီးရှား ၁၅၁၄၊ ဖိလစ်ပိုင် ၁၄၄၂၊ စင်ကာပူ ၁၁၇၈၊ ဖင်လန် ၆၁၈၊ ဗီယက်နမ် ၁၁၇၊ မြန်မာ ၆၂၊ ကမ္ဘောဒီးယား ၆၂၊ လူဇင်ဘတ် ၅၈ နဲ့ လာအို ၇ တို့ ဖြစ်ပါတယ်။ ဒီကာလ အတွင်းမှာ ဆိုက်ရောက်ဗီဇာ ပေးတဲ့ လေဆိပ်တွေက ဒေလီလေဆိပ် ၅၄၈၉၊ မွန်ဘိုင်း ၁၉၈၁၊ ချန်နိုင်း ၁၃၆၅ နဲ့ ကိုလ်ကာတား ၅၇၇ တို့ ဖြစ်ပါတယ်။Source.indiablooms.com