Main menu

Background

တစ်ဆင့် ပြန်လည်တင်ပို့မှု စည်းမျဉ်းများ ဗီယက်နမ်တွင် တင်းကျပ်

Mon, 10/01/2012 - 04:28 -- Anonymous (not verified)

တစ်ဆင့်ပြန်လည်တင်ပို့မည့် ကုန်ပစ္စည်းများကို ဗီယက်နမ်တွင် ၄၅ ရက် သာ သိမ်းဆည်းထားနိုင်တော့မည်ဖြစ်ကြောင်းနဲ့ နောက်ထပ် ၁၅ ရက်သာ ရက်တိုးပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးမှ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ယခုကဲ့သို့ဆောင်ရွက်ခြင်းမှာ ယာယီတင်သွင်းမှုနဲ့ တစ်ဆင့်ပြန်လည် တင်ပို့ခြင်းကို နိုင်ငံတော်ကစီမံခန့်ခွဲရာတွင် ပိုမိုထိရောက်စေရန်နဲ့ စိုးရိမ်ရတဲ့အဆင့်ကို ရောက်နေ တဲ့ မှောင်ခိုလုပ်ငန်းကို ကာကွယ်ဟန့်တားဖို့ဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။

ယခင်က ကုန်စည်တွေကို နိုင်ငံတွင်းမှာ ရက် ၁၂၀ ထိန်းသိမ်းထားခွင့်ပြု ပြီးလိုအပ်ပါက ရက် ၃၀ နှစ်ကြိမ် ရက်တိုးခွင့်ပြုထားပါတယ်။ သိုလှောင် ရက်ရှည်ကြာစွာ ခွင့်ပြုထားပါက စီမံခန့်ခွဲရာတွင် အခက်အခဲများရှိ လာနိုင်ပြီး ယာယီတင်သွင်းလာသော ကုန်များကို ပြည်တွင်းမှာပင်ရောင်းချလာမဲ့ သဘော ရှိတယ်လို့ အထွေထွေအကောက်ခွန်ဦးစီးဌာနကပြောပါတယ်။ အကယ်၍ သိုလှောင်ထားတဲ့ ကာလကျော်လွန်ပါက ကုန်ပစ္စည်းများကို ယာယီတင်သွင်း ထားတဲ့ ဂိတ်မှတစ်ဆင့် ဗီယက်နမ်မှ ပြန်လည်တင်ပို့ရန် အင်အားသုံးပြီး ဆောင် ရွက်မည် ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားပါတယ်။အကယ်၍ ထိုသို့မဆောင်ရွက်ပါက ကုန်ပစ္စည်းများကို  သိမ်းယူပြီး စည်းမျဉ်းဥပဒေ များနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ယာယီတင်သွင်းမှုနဲ့ တစ်ဆင့်ပြန် လည်တင်ပို့မှုနဲ့ပတ်သက်တဲ့ နည်းဥပဒေတွေမှာ ပျော့ကွက်တွေရှိနေတဲ့အတွက် သွင်းကုန်လုပ်ငန်းရှင်တို့က တရားမဝင် အခွင့်အရေးများကို ရယူလာနိုင်တဲ့ အတွက် လက်ရှိနည်းဥပဒေတွေမှာ လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့တဲ့ ပြဌာန်းချက်တွေကို ပယ်ဖျက်ပြီး စီမံခန့်ခွဲရာမှာ ပိုမိုကောင်းမွန်တဲ့ ပြင်ဆင်ချက် တွေကို အဆိုပြုဖို့ စက်မှုနဲ့  ကုန်သွယ်ရေးဝန်ကြီးဌာနကို ဝန်ကြီးချုပ်ကအမိန့် ပေးထားပါတယ်။ ယာယီတင်သွင်းမှုနဲ့ ပြန်လည်တင်ပို့မှုအတွက်ပိတ်ပင်ထားတဲ့ ကုန်ပစ္စည်း နဲ့ ယာယီရပ်ဆိုင်းထားတဲ့ ကုန်ပစ္စည်းတွေစာရင်းကို ဝန်ကြီးဌာနက ယခုလ အတွင်း ထုတ်ပြန်မှာဖြစ်ပါတယ်။ ဝိုင်၊ ဘီယာနဲ့ ဆေးလိပ် စတဲ့ ယစ်မျိုး ခွန်ကောက်ခံနိုင်တဲ့ ယာယီတင်သွင်းကုန်ပစ္စည်းတွေအတွက် စည်းကမ်းချက် တွေကို ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ယာယီတင်သွင်းခွင့် အသုံးချပြီး မှောင်ခို ရောင်းဝယ်မှုနဲ့ အခွန်လိမ်လည်တာကို ရပ်တန့်ဖို့အတွက် ဓာတ်ဆီယာယီ တင်သွင်းခွင့်နဲ့ တစ်ဆင့်ပြန်လည်တင်ပို့မှု စည်းမျဉ်းတွေကို တင်းကျပ်သွားမှာ ဖြစ်ပါတယ်။              Source.vietnamnews.vnagency.com.vn